Unicode
လေပြင်းနဲ့အတူ ရောနှောလာတဲ့ မိုးသံတွေဟာ နားစည်းအတွင်း ကျယ်လောင်စွာ မြည်ဟီးသည်။
ကောင်းကင်ထက် လင်းလက်သွားတဲ့ လျှပ်စီးတွေအောက် ပေါ်ထွက်လာတဲ့ သူ့မျက်ဝန်းတွေဟာ မှိုင်းညို့ညို့။
ထိုသူ့လက်ထဲ ကျစ်ကျစ်ပါအောင် ကိုင်ဆုပ်ထားတဲ့ သေးငယ်သော ထီးတစ်လက်ဟာ ဝေးကွာနေတဲ့ သူတို့နှစ်ယောက်အကွာအဝေးကြောင့် ဘက်မမျှတစွာဖြင့်။
သူရှိရာဘက်သို့ တိမ်းစောင်းထားသည့် ထိုထီးငယ်ဟာ သူ့တစ်ကိုယ်လုံး လုံလောက်အောင် အုပ်မိုးထားပေမယ့် မျက်နှာချင်းဆိုင်က ထိုလူ့ပုခုံးပေါ်တွင်တော့ မိုးစက်များ တဖြောက်ဖြောက်။
နက်ပြောင်နေသော ရှူးများဟာလဲ ခုတော့ ရွှဲရွှဲစိုလို့။
ထိုသူ...
ရှေ့မှာ မလှုပ်မယှက်ရပ်နေသော ထိုသူ
ခနလောက်ဖြစ်ဖြစ် ထပ်ပြီး မိုးရေတွေ တစ်ကိုယ်လုံး စိုရွှဲနေရင်ကောင်းမယ်။
ပတ်ခ်ဆောင်းဟွန်းရဲ့ မျက်သားမိုးတိမ်တွေကနေတစ်ဆင့် ပါးနှစ်ဖက်ပေါ် ရွာသွန်းခဲ့တဲ့ မျက်ရည်မိုးစက်တွေနဲ့ ယှဥ်ရင် ထိုသူ့ကိုယ်ပေါ် က မိုးပေါက်တို့ဟာ မပြောပလောက်အောင်ပေပဲလေ။စုပ်လုံးချိုချဥ် တစ်ချောင်းဟာ အခွံဖွင့်ဖောက်လို့ ခံတွင်းထဲ မသုံးဆောင်ခင်အထိ ချစ်စဖွယ်။
ခံတွင်းထဲ ငုံထွေးထားပြန်ရင်လဲ မွှေးပျံ့တဲ့အချိုအရသာဟာ နှစ်မြို့ခြင်းကို ဖြစ်စေပြန်သည်။
ထိုအရသာအား တပ်မက်ပြီးရင်း တပ်မက်လာရာကနေ လောဘတကြီး စုပ်ယုနေရင်း ပါးလျသည်ထက် ပါးလျလာရာနေ
နောက်ဆုံး တုတ်ချောင်းသပ်သပ် ကျန်တော့သည့်အခါ အသုံးမဝင်တော့သလို ပစ်ထုတ်လိုက်ကြတတ်သည်မလား။
အခန့်မသင့်ရင် သွားထက်ထက်တို့ဖြင်ွ ချေမွလို့ ပျက်စီးခြင်းနှင့်လဲ ကြုံရနိုင်သည်။"ကျွန်တော် နှစ်ပေါင်းများစွာ တမ်းတနေမိတဲ့သူကို ရှာတွေ့ခဲ့ပြီ။
ဆယ်စုနှစ်တစ်စု စောင့်ပြီးတဲ့နောက် သူဟာ ကျွန်တော့ဆီ ပြန်ရောက်လာခဲ့တယ်။
မဟုတ်ဘူး အရင်ကတည်းက ရှိနေခဲ့တာ။
ခင်များပါပဲ အီဟီဆွန်း...
ကျွန်တော်ရှာနေတဲ့သူဟာ အီဟီဆွန်းဆိုတဲ့ ခင်များပဲ။"
![](https://img.wattpad.com/cover/338593571-288-k576933.jpg)
STAI LEGGENDO
Lollipop
FanfictionGot a lime green lollipop , Disapearing on my tongue. Need another lollipop, Cause this one is almost gone. Next one I won't chew the top, This one didn't last that long.