Part-7

298 35 12
                                    

Unicode

ပင်လယ်ကမ်းနံပါး​​​​​​ဘေး ​ဖောက်ထွင်းထားတဲ့ ဟိုက်​​ဝေးလမ်းမကြီး၏ ​ကောက်​ကြောင်းဟာ ​ပြေပြစ်ပြစ်။
အ​နောက်က ထပ်ကျပ်မကွာ လိုက်​သည့် ​မနက်​နေ​ရောင်ခြည်ကသာ အရှိန်တစ်ခုဖြင့် ​ ထိုလမ်းမထပ် မောင်းနှင်​နေ​သော ကား​လေး၏ တစ်ခုတည်း​သော အ​ဖော်မွန်။
​နေခြည်က တောက်သည်။
​လှုပ်လီလှုပ်လဲ့ ရေလှိုင်းများအ​ပေါ် ​ရောင်ပြန်ဟပ်​တော့ ပတ်ဝန်းကျင်ဟာ ​ရွှေ​ရောင်တဖိတ်ဖိတ်။
ကားအတွင်း​လေထုဟာ ခပ်မျှင်းမျှင်း အသက်ရှူသံ​တွေကလွဲရင် ငြိမ်သက်​နေဆဲ။
ကမ်းနံရံကို ပုတ်ခပ်​နေ​သော လှိုင်းသံ​တွေနဲ့အတူ ဂျယ်ယွန်၏ မွန်းကျပ်ကျပ် သက်ပြင်းချသံ​တွေဟာ ​ရောပြွန်သွားရသည်။
အချိန်တန်လို့ သူ့​နေရာနဲ့သူ ပြန်ရတဲ့ အိမ်ပြန်လမ်း​တွေဟာ ဘယ်တုန်းက ဒီ​လောက်​တောင် ဝမ်းနည်းစရာ​ကောင်းသွားတာပါလိမ့်။
တူညီတဲ့ လမ်းဖြစ်​နေတာ​တောင် ​ဒီအိမ်ပြန်ခရီးဟာ ​တော့ လွမ်း​မောဖွယ်အတိ။
ကြားဖူးတာ သိပ်မကြာ​သေး​ပေမယ့် တိုးသဲ့သဲ့ သီချင်းညည်းသံ​​လေးအား ဂျယ်ယွန်း လွမ်းမိပါရဲ့။
ထိုအသံပိုင်ရှင်​လေးဟာ သူနဲ့အခုလက်တစ်ကမ်း​စာလောက်ပဲ ​ဝေး​နေရက်​ ဆိုရင်တောင် ရင်ထဲ ဆိုးဆိုးဝါးဝါး လွမ်းမိ​နေ​လေရဲ့။

​ကျော်လွန်လာခဲ့တဲ့ မိုင်တိုင်​တွေရဲ့ နံပါတ်စဥ်​တွေဟာ တဖြည်းဖြည်း ​လျော့နည်းလာ​လေ​လေ ခရီး​လေးရဲ့ အဆုံးသတ်ဟာ နီးလာ​လေ​လေ။
ကုန်လွန်လာသည့် အချိန်​တွေနဲ့အတူ ​နေ​ရောင်ဟာလဲ ​ပျောက်ကွယ်လုနီးနီး။
ခရီးတစ်​ထောက်​တောင် မနားပဲ ဆက်တိုက် ​မောင်းနှင်းခဲ့ရတာမလို့ အ​​ကြောတွေ​တောင် ​တောင့်တင်းနေသလိုပင်။

တစ်လမ်းလုံး နှုတ်ဆိတ်​နေသူ​လေးအား အကြိမ်​ပေါင်းများစွာ တိတ်တခိုးကြည့်ပြီးတာ​တောင်
​​မ​နေနိုင်စွာ ​နောက်တစ်ကြိမ် နောက်ကြည့်မှန်က​နေတဆင့် ​ ကြည့်မိ​တော့
မှန်ပြတင်းကို ​ခေါင်း​မှေးတင်ရင်း အိပ်​မောကျ​နေ​သော ​ကောင်ငယ်​လေး​အား ​တွေ့ရသည်။
ချမ်းစိမ့်စိမ့် အဲယားကွန်း​လေ​ကြောင့်ထင်သည်။ ​​လက်​မောင်း​လေးနှစ်ဖက်အား အချင်းချင်း ပြန်ထွေးပိုက်ထားရင်း ခပ်​ကွေး​ကွေး​လေး အိပ်​မောကျ​နေ​လေရဲ့။
ပါးမို့မို့​လေး​တွေ ရဲတက်လာသည်အထိ အ​အေးပို​နေသူ​လေး​ကြောင့် စိုးရိမ်တကြီး အဲယားကွန်းကို ပိတ်လို့ အပူ​ပေးစက်အား အရှိန်တင်မိသည်။
မှန်က​နေတဆင့် အရိပ်တကြည့်ကြည့်ကြည့်​နေရာမှ အမှတ်မထင်စွာ မြင်လွှာထဲ ဝင်​ရောက်လာသည့် မြင်ကွင်းကြောင့် ဂျယ်ယွန်းအကြည့်​တွေဟာ ​ ​စောဒကမရှိ ဖယ်ခွာရပြန်သည်​။
​ဆောင်းဟွန်း၏ကိုယ်​လေးအား သူ့ပုခုံး​ပေါ် မှီတင်​စေလိုက်​သော ဟီဆွန်း။
ဆံနွယ်​တွေကို သပ်တင်​ပေး​နေ​သော လက်တစ်စုံမှာ နူးနူးညံ့ညံ့။
အီဟီဆွန်း၏ များစွာ​သော ပုံစံ​တွေထဲက တစ်ခုဖြစိ​လောက်သည်။
မျက်​တောင် တခပ်အတွင်းမှာ ပုံရိပ်မျိုးစုံ​ပြောင်းနိုင်တဲ့ အီဟီဆွန်းဟာ ယခုအကြိမ်တွင်လဲ ဘယ်လိုဇာတ်ခုံမျိုး ဖန်တီးချင်သည်မသိ။
​​ဆောင်းဟွန်း မျက်နှာလွှဲတာနဲ့ အကြည့်​တွေကို ​ပြောင်းလဲ ပစ်တတ်သည့် ထိုလူဟာ အခု​တော့ ​အိပ်​​မောကျ​နေသူအား မြတ်မြတ်နိုးနိုး​ငေး​နေပြန်သည်။
တစ်ချိန်က ပစ်ပစ်ခါခါ မချန်ရစ်ခဲ့ဖူးသလိုမျိုး
ဒီကစားပွဲအား သူ့စိတ်ကြိုက်ခြယ်လှယ်သည်။
အ​တွေးနဲ့အတူ ဂျယ်ယွန်း၏ ​မေးရိုးချွန်ချွန်မှာ တင်းခနဲ။

LollipopWhere stories live. Discover now