Part-8

419 36 19
                                    

ဟီဆွန်းအဘိုးနှင့် တရားဝင် မိတ်ဆက်ခြင်းအပြီးကတည်းက ​​ဆောင်းဟွန်းထံတွင် ဖိအားများ စုပုံလာသည်။
​နေ့စဥ်ဘဝတွင် ထိုအသိုင်းအဝိုင်းနှင့် လိုက်​လျောညီ​​ထွေ​အောင် လူ​နေမှုကဏ္ဍ​တွေကိုပါ ချုပ်ချယ်သတ်မှတ်လို့
​ဆောင်းဟွန်းအ​နေဖြင့် အံ့ဝင်ခွင်ကျမဖြစ်နိုင်သည့် ပတ်ဝန်းကျင်​တွင် ပင်ပန်းသည်ထပ်ပိုသည်။
အထူးသဖြင့် ​ဆောင်းဟွန်းအား ပိုပင်ပန်း​စေသည့် အချက်မှာ နဂိုအတိုင်းပြန်ဖြစ်သွားသည့် အီဟီဆွန်းနဲ့ သူရဲ့ ဆက်ဆံ​ရေး​​​ပင်။
နဂိုအတိုင်းလို့ ​ပြောရ​အောင် ပုံစံအမှန်ပင် မသိ​တော့သည့် သူတို့ဆက်ဆံ​ရေး။
​ဆောင်းဟွန်းအား အလွယ်တကူလက်မခံခဲ့သည့် အီဟီဆွန်း​အဖိုးပြောခဲ့​သောလူဆိုတာ ပြုပြင်​ပြောင်းလဲဖို့လွယ်ပါသည်ဟူသည့် စကားက ​​​သ​ဘော​ပေါက်စပြုလာသည်။
ထိုစကား၏ ဦးတည်ချက်ဟာ ဆောင်းဟွန်းဘဝအား တစ်စတစ်စ ​ဘောင်ကွပ်ကန့်သတ်ခြင်းမျိုးဖြစ်လိမ့်မည်။

အခုလဲ အဘိုး၏ ညွှန်းကြားချက်ဖြင့် အီလုပ်ငန်းစုအပိုင် ​ဂေယာတစ်ခုတွင် လုပ်အား​ပေးရန် အီဟီဆွန်းအား ​​စောင့်​​နေခြင်း။
ငါးမိနစ်မတိုင်ခင်ကတည်း ​​အောက်ကိုဆင်းခဲ့​တော့ ဆိုသည့် မက်​ဆေ့ချ်​ကြောင့် ​ဆောင်းဟွန်း ​စောင့်​နေသည်မှာ မိနစ်​တွေ စွန်းစွန်း။
မကြာခင် သူ့​ရှေ့ထိုးရပ်လိုက်သည့် ကားတစ်စီးက သူ့ခင်ပွန်း​​လောင်း၏ ကားမှန်း သူမှတ်မိပါသည်။
အရင်လုပ်​နေကျတိုင်း ဖွင့်ဟ​​​ပေးလာသည့် ကားတံခါးမှာ ဖွင့်​ပေးသူက​တော့ ဟီဆွန်းမဟုတ်။
ဂျိတ်ခ် ...
တစ်နည်း ဟီဆွန်း မလုပ်ချင်သမျှကို အစား​ဆောင်ရွက်​ပေးရသည့် ရှင်းမ်ဂျ်ိတ်ခ်။

​ဂေဟာသို့ သွားသည့် လမ်းတစ်​လျှောက် ​ဆောင်းဟွန်းဘက် မျက်နှာ​တောင် မမူသည့် ဟီဆွန်းက သူ့ipad ကိုသာ စူးစိုက်ကြည့်​နေသည်။
​​​​​ဂေဟာ စင်ဝင်​အောက်ထိုးရပ်လ်ိုက်သည်နှင့် အ​​ဆောက်အဦးထဲမှ ထွက်လာကြသည့် လူကြီးတစ်​ယောက်နှင့် စစ်စတာ အချို့။
​​ဆောင်းဟွန်း တံခါးဖွင့်လို့ ဆင်းမည်ပြု​တော့ လက်​ကောက်ဝတ်အား ဖမ်းဆုပ်လာသည့် လက်တစ်စုံ။

LollipopWhere stories live. Discover now