Part-2

376 35 5
                                    

Unicode

မှန်ပြတင်းမှ တစ်ဆင့် ​​ဖျော့​တော့စွာ ဖြာကျနေသည့် ​နေ​ရောင်ခြည်ဟာ ခပ်​နွေး​နွေး။
ဖရိုဖရဲ ဖြစ်​နေသည့် အိပ်ရာခင်းထက် ကွက်လပ်တစ်ခုဖြစ်​နေခြင်းက ပိုင်ရှင်မဲ့​နေ​ကြောင်း ထင်ရှား​​စေသည်။
ခပ်လှမ်းလှမ်း ​ရေချိုးခန်းဆီမှ ​ ရေကျသံ တ​တောက်​တောက်အား စည်းချက်မှန်မှန် ကြား​နေရသည်။
​ဆောင်းဟွန်း ​နောက်ဆုံးကျန်သည့် ကြယ်သီးကို တပ်ဆင်လိုက်ပြီး မှန်ထဲက မိမိပုံရိပ်ကို အမိအရဖမ်းယူလိုက်သည်။
ကပိုကရိုကျ​နေသည့် ဆံနွယ်စများကို ဂျယ်အနည်းငယ်ဖြင့် သပ်တင်လိုက်လို့ ဒီ​နေ့လဲ သူ့နှလုံးစိုင်ဟာ ငရဲမီးလို တ​မြေ့​​မြေ့​​လောင်ရဦးမည်ပဲ။
မှန်တင်ခုံ​ပေါ်က wallet ကို ဆွဲယူလို့ ပါကင်ရှိရာသို့ ​​​ဆောင်းဟွန်းထွက်လာခဲ့သည်။
​ပုံမှန်ထက်​လေးလံ​နေတဲ့ အိတ်ထဲ ​ငွေ​သားအ​မြောက်အများ ရှိ​နေ​လောက်မည်ဟု ​တွေးမိ​တော့ ပြုံးမိပြန်တာပဲ။
​ဆောင်းဟွန်းရဲ့ ဘုရားသခင်ဟာ ​​'ငွေ' ပဲဖြစ်ပြီး
ငရဲတွင်းထဲ ခုန်ဆင်းမိတဲ့ အထိကို မက်​မောတဲ့ တစ်ခုတည်း​သော အရာလည်း ဖြစ်ပြန်သည်။
မရင့်ကျက်ခဲ့စဥ်က ပတ်ခ်​ဆောင်းဟွန်းဆို​သော လူငယ်​လေး ငတ်မွတ်ခဲ့သည့် အရာမှာ ​မေတ္တာတရား​ဖြစ်ခဲ့​ပေမယ့် ​လိုလားတိုင်းမရာတတ်သည့် အရာမှန်း အ​တော်ကြာ ငတ်လင့်ပြီး​​​နောက်မှ ​သ​ဘော​ပေါက်ခဲ့သည့်။
ထို​နောက်ပိုင်း သိခဲ့ရသည့် အမှန်တရားမှာ ငွေဆိုသည့် အရာက​တော့ အ​ပေးအယူမျှတစွာ သူအနစ်နာခံရင် ခံသလို အနားရှိ​ပေး​တတ်သည်ဆို​သော အရာပင်။
ကားပါကင်ဆီသို့​ရောက်​တော့ အသင့်​​​စောင့်ဆိုင်း​နေသူက ကားတံခါးအား ဖွင့်​ပေးလာသည်။
​အနား​ရောက်ကာမှ အ​သေချာကြည့်မိ​တော့ နှုတ်ခမ်း​ထောင့်က ဒဏ်ရာက ယခုတိုင် ​သွေးစို့နေဆဲ။
သူ တံခါးဖွင့်​ပေးထားသည့်အတိုင်း ကားအ​နောက်ခန်း၌သာ အသာဝင်ထိုင်​လိုက်​တော့ ​​ ​ထိုသူဟာ ကား​မောင်းသူ​နေရာတွင် ​နေရာယူရင်း သွားမည့်ဆိုင်နာမည်ကို ​ပြောပြလာသည်။

"ဟိုဟာ အဆင်​ပြေရဲ့လား"

​ဆောင်းဟွန်းရဲ့ အရင်းမရှိအဖျားမရှိအ​မေး​ကြောင့် ​နောက်ကြည့်မှန်မှတစ်ဆင့် သူ့၏ အကြည့်များဟာ ​​ဆောင်းဟွန်းမျက်နှာ​ပေါ်သို့ ကျ​ရောက်လာသည်။

LollipopWhere stories live. Discover now