part-1

1.3K 43 12
                                    

Unicode

​လေပြင်းနဲ့အတူ ​ရော​နှောလာတဲ့ မိုးသံ​တွေဟာ နားစည်းအတွင်း ကျယ်​လောင်စွာ မြည်ဟီးသည်။
​ကောင်းကင်ထက် လင်းလက်သွားတဲ့ လျှပ်စီး​တွေ​အောက် ပေါ်ထွက်လာတဲ့ သူ့မျက်ဝန်းတွေဟာ မှိုင်းညို့ညို့။
​ထိုသူ့လက်ထဲ ကျစ်ကျစ်ပါ​အောင် ကိုင်ဆုပ်ထားတဲ့ သေးငယ်​သော ထီးတစ်လက်ဟာ ​ဝေးကွာ​နေတဲ့ သူတို့နှစ်​ယောက်အကွာအ​ဝေး​​ကြောင့် ဘက်မမျှတစွာဖြင့်။
သူရှိရာဘက်သို့ တိမ်း​စောင်းထားသည့် ထိုထီးငယ်ဟာ သူ့တစ်ကိုယ်လုံး လုံ​လောက်အောင် အုပ်မိုး​ထား​ပေမယ့် မျက်နှာချင်းဆိုင်က ထိုလူ့ပုခုံး​ပေါ်တွင်​တော့ မိုးစက်များ တ​ဖြောက်​ဖြောက်။
နက်​ပြောင်​နေ​သော ရှူးများဟာလဲ ခု​တော့ ရွှဲရွှဲစိုလို့။
ထိုသူ...
​ရှေ့မှာ မလှုပ်မယှက်ရပ်​နေ​သော ထိုသူ
ခန​လောက်ဖြစ်ဖြစ် ထပ်ပြီး မိုး​​ရေတွေ တစ်ကိုယ်လုံး စိုရွှဲ​နေရင်​ကောင်းမယ်။
ပတ်ခ်​​​​ဆောင်းဟွန်းရဲ့ မျက်သားမိုးတိမ်​တွေက​နေတစ်ဆင့် ပါးနှစ်ဖက်​ပေါ် ရွာသွန်းခဲ့တဲ့ မျက်ရည်မိုးစက်​တွေနဲ့ ယှဥ်ရင် ထိုသူ့ကိုယ်​ပေါ် က မိုး​ပေါက်တို့ဟာ မ​ပြောပ​လောက်​​အောင်​ပေပဲ​လေ။

စုပ်လုံးချိုချဥ် တစ်​​ချောင်းဟာ အခွံဖွင့်​​ဖောက်လို့ ခံတွင်းထဲ မသုံး​ဆောင်ခင်အထိ ချစ်စဖွယ်။
ခံတွင်းထဲ ငုံ​​ထွေးထားပြန်ရင်လဲ ​မွှေးပျံ့တဲ့အချိုအရသာဟာ နှစ်မြို့​ခြင်းကို ဖြစ်​စေပြန်သည်။
ထိုအရသာအား တပ်မက်ပြီးရင်း တပ်မက်လာရာက​နေ ​လောဘတကြီး စုပ်ယု​နေရင်း ပါးလျသည်ထက် ပါးလျလာရာ​နေ
​နောက်ဆုံး တုတ်​ချောင်း​သပ်သပ် ကျန်​တော့သည့်အခါ အသုံးမဝင်​တော့သလို ပစ်ထုတ်လိုက်ကြတတ်သည်မလား။
အခန့်မသင့်ရင် သွားထက်ထက်တို့ဖြင်ွ ​ချေမွလို့ ပျက်စီးခြင်းနှင့်လဲ ကြုံရနိုင်သည်။

"ကျွန်​တော် နှစ်​ပေါင်းများစွာ တမ်းတ​​နေမိတဲ့သူကို ရှာ​တွေ့ခဲ့ပြီ။
ဆယ်စုနှစ်တစ်စု ​စောင့်ပြီးတဲ့​နောက် သူဟာ ကျွန်တော့ဆီ ပြန်​ရောက်လာခဲ့တယ်။
မဟုတ်ဘူး အရင်ကတည်းက ရှိ​နေခဲ့တာ။
ခင်များပါပဲ အီဟီဆွန်း...
ကျွန်​တော်ရှာ​နေတဲ့သူဟာ အီဟီဆွန်းဆိုတဲ့ ခင်များပဲ။"

LollipopWhere stories live. Discover now