Part-11

280 32 24
                                    

Unicode

နည်းပါးတဲ့လေထုဖိအား​ကြောင့် နား​တွေဟာ ခပ်အူအူ။
​​အ​ပေါ်စီးက ရောင်​ပြေးမီး​တွေဟာ မြင်ကွင်းထပ် နီတလှည့် ပြာတလှည့်​နေရာယူသည်။
အမြင့်ဆုံးအထပ်ဖြစ်တာ​ကြောင့် ​လေကြမ်းသည်။
ညဦးပိုင်းဖြစ်တာ​ကြောင့် ပိုလို့​တောင် ​အေးစိမ့်စိမ့်။
ပုံသွင်းထားတဲ့ ဆံပင်ဟာ ​လေ​ပြင်း​ကြောင့် ကပိုကယို။

"​ကြည့်​နေရင်းနဲ့ကို အတိတ်​တွေက ​တော်​တော်အ​ဝေး​ရောက်သွားပြီပဲ၊
မှတ်ဥာဏ်​တွေထဲမှာ​တောင် မပီပြင်​တော့ဘူး"

တိုး​ဝှေ့​နေတဲ့​လေ​ပြေ​ကြောင့် ဟီဆွန်းလက်ကြားထဲက ​ဆေးလိပ်မီးကျည်ဟာ တစ်ချက်တစ်ချက် ရဲခနဲ။
အတိတ်​တွေက​နေအစ​ကောက်​တော့ ဂျယ်ယွန်းထံ အပူမီးစတို့ လွင့်စင်သည်။

"ဒါ​ပေမယ့် အဲ့​နေ့ကို​တော့ ထင်ထင်ရှားရှားမှတ်မိ​​နေတုန်းပဲ"

ထိုသူ့နှုတ်ဖျားမှ ဖွာထုတ်လိုက်တဲ့ ​ဆေးလိပ်​ငွေ့​တွေဟာ ဂျယ်ယွန်းရဲ့ စိတ်​တွေကိုပါ ​ဝေဝါး​စေလို့။
ရင်ထဲ တွန်းထိုးလာတဲ့ ​ကြောက်စိတ်နဲ့အတူ တုန်ယင်​နေဆဲ လက်​​ချောင်း​တွေကိုသာ ​ကွေးချည်ဆန့်ချည်။
​​ဘေးတိုက်မြင်​နေရတဲ့ ဟီဆွန်း မျက်နှာထပ် ခန့်မှန်းရခက်သည့် အပြုံးမျိုး ချိတ်ဆွဲ​နေမည်ဆိုတာအ​မှောင်ရိပ်ထဲမှာ​တောင် ထင်ရှား သိသာလှသည်။

အီဟီဆွန်းဟာ အမြဲထိုသို့​ပေ။
လည်မျိုကိုမှ ကုတ်ခဲတတ်တဲ့ ကျားသစ်တစ်​ကောင်လို။
အမာရွတ်​ပေါ်ကိုမှ ဓါးနဲ့မွှန်းတတ်သည့် လူမျိုး။

"မင်း​​ရော ​​မေ့သွား​​နိုင်လောက်တဲ့အထိ ဘဝကသက်​သောင့်သက်သာဖြစ်​နေတာလား
ရှင်းမ် ဂျယ် ယွန်း"

​ ​မေ့​လျော့ထားတဲ့ ထိုနာမဟာ ကာ​လ​တွေတိုက်စားနှင့်​တာ​တောင် အတိတ်ဆိုးဟာ လှုပ်နိုးနိုင်ဆဲ။
နားစည်ဟာ အားပြင်းပြင်းဖြင့် ရိုက်ခက်ခံ​နေရသလို ဆူညံသံ​တွေက ကျယ်ကျယ်​​​​လောင်​လောင် ။
ချာချာလည်​နေသည့် သူ၏ကမ္ဘာဟာ ဘယ်ကိုအမှီသဟဲပြုရမည်မသိ။
မီး​တောင်​ချော်ရည်သွား သွန်း​လောင်းခံရသလို ​​ဝေဒနာပြင်းပြလှသည်။
အတ္တလန္တိတ်​အောက် ခဲဆွဲခံရသည့် ရာဇဝတ်သား သူခန္တာကိုယ်ဟာ ကူးခတ်နေသည့်တိုင် သမုဒ္ဒရာ ​အ​ခြေသို့ ​တ​ရွေ့​ရွေ့။


LollipopTahanan ng mga kuwento. Tumuklas ngayon