Part-15

267 26 19
                                    

Unicode
မွတ်သိပ်သောအနမ်းတွေဟာ တတိတိကိုက်ဝါးခြင်းအသွင်သို့ ကူးပြောင်းလာသည်။
ချိုမြိန်မှုအစား ပြင်းရှသော ရမ္မက်တို့ အလုအယက် တိုးဝှေ့နေရာယူ၏။
တလှပ်လှပ်စိုးထိတ်သော စိတ်ကြောင့် လက်ဖဝါးနုနုငယ်ထပ် ချွေးစို့လာသည်။
တားမြစ်ရန် ရင်အုံဆီ ခပ်ဖွဖွရိုက်သွင်းမိသော လက်သီးဆုပ်လေးဟာ ချုပ်နှောင်ခံလိုက်ရပြန်တော့။
မတက်သာသည့်အဆုံး အသနားသလို ရှိုက်ညည်းသံလေးကြောင့်သာ သူ၏နှုတ်ခမ်းဖူးဟာ လွတ်မြောက်ရာရသည်။
နွေလယ်ခေါင်ခေါင် ကုန်းပေါ်မျောသော ငါးငယ်လို လေထုအား အလုအယက် ရှူရှိုက်နေရရှာသော သူ၏ဟန်မှာ သနားစဖွယ်အတိ။
နှုတ်ခမ်းသားတို့က ပေါက်ပြဲနေပေမယ့် အကျည်းမတန်။
အတော်ကြာ ငုံခဲထားသော အနွေးဓာတ်အရှိန်ကြောင့် စိုရဲနေအောင် လှသည်။
လှိုက်မောလို့ တုန်ရီနေပုံကအစ အနမ်းဒဏ်အောက် အလူးအလွန့် ပြိုလဲနေပုံက အဆုံး သွက်သွက်ခါ၍ ရူးစေလောက်အောင် လှသည်။
တစ်ဖန် ပြန်လှည်ကိုင်းညွတ်လာသည့် ဂျိတ်ကြောင့် တစ်ဖက်သို့စောင်းလို့ ရှောင်တိမ်းမိတဲ့အခါ လည်တိုင်ဆီ သက်ဆင်းပါသော နှုတ်ခမ်းဖူးထံမှ အထိအတွေ့ နုနယ်နယ်။

"တော် တော်ပါတော့။
သူတွေ့သွားလိမ့်မယ်။
ဂျိတ်ခ် အခုပြန်မှဖြစ်မယ်။ "

ထွက်သက်တငွေ့ငွေ့က လည်တိုင်တဝိုက် ကူးလူးဆော့ပြေးသည်။
ပြင်းထန်လာသော အသက်ရှူသံအား အငွေ့အသက်အဖြစ် ဖမ်းဆုပ်မိ၏။

"ကောင်းသောညပါ ကိုယ့်ရဲ့ baby"

တိုးညှင်းသော နှုတ်ဆက်စကားအပြင် အနမ်းတစ်ပွင့်ပါ လည်တိုင်ထပ် ကျရောက်တော့ ဆောင်ဟွန်း မိန်းမောစွာမျက်ဝန်းတွေမှိတ်ချရင်း လက်ဖျားလေးတွေပါ ကုပ်ကွေးသွားရသည်။
သူ့စိတ်အလိုကျ ခြယ်လှယ်လို့ အားရကျေနပ်သွားသူမှာ ဆောင်ဟွန်းရဲ့အိမ်မက်တွေထဲထိ ကျူးကျော်နိုင်တော့မည်သေချာမှ အပြုံးတစ်ပွင့်နဲ့အတူ အမှောင်ထုထဲ တရိပ်ရိပ်တိုးဝင် ကွယ်ပျောက်သွားခဲ့ပြီ။

ချွေးစတို့ဖြင့် စိုစွတ်နေသော လက်ချောင်းတို့အား ဆုပ်ချည်ဖြန့်ချည်။
အရှေ့ခန်းထဲ ကတုန်ကယင် ထွက်လာမိတော့ ဆိုဖာပေါ်အိပ်မောကြနေသည့် ဟီဆွန်းအား အားနာစိုးရွံ့စဖွယ်တွေ့လိုက်ရသည်။
အနားသို့တိုးကပ်သွားမိသည့်အခါ စူးရှသော ယမကာအနံ့က လှိုင်လှိုင်ထသည်။
အီဟီဆွန်းလို လူကြီးလူကောင်းတစ်ယောက်အတွက် ယခုအခြေအနေဟာ အလွန်အမင်း ဖြစ်ခဲ့လှသည်။
ထိန်းချုပ်နိုင်စွမ်းကောင်းမွန်လွန်းလှသည့် ဟီဆွန်းရဲ့အတွေးတွေထဲ ယမကာသောက်လို့ မေ့ပျောက်ချင်ရလောက်သည့် အကြောင်းပြချက်အား ဆောင်ဟွန်းမတွေးချင်း။
စုံလုံးမှိတ်လို့ ငြင်းဆန်သည်ပဲဆိုရင်တောင် ဆောင်းဟွန်း ထိုအမှန်တရားအား လက်မခံချင်ပါ။

LollipopWhere stories live. Discover now