Part-4

354 30 11
                                    

Unicode

ပွင့်ဟလာသည့် တံခါး​နောက် ​မျှော်လင့်တကြီး လှမ်း​မျှော်ကြည့်လိုက်​ပေမယ့် ​ဆောင်းဟွန်း​​တွေ့မြင်ချင်​​သော မျက်နှာ​လေးက မြင်ခွင့်မရခဲ့။

"လူအိပ်ချိန်ကြီး တံခါးကို ဘာလို့ အဲ့​လောက် အသည်း​ခေါက်​နေတာလဲ။
မင်းက ဘယ်က​လဲ!!!"

"​အာ ​တောင်းပန်ပါတယ် ​တောင်းပန်ပါတယ်။ ကျွန်​တော် အခန်းမှားသွားလို့ပါ"

အ​ရှေ့မှ ​လူ​ကောင်ခပ်ထွားထွားလူကြီး ထွက်လာပြီး ​ဒေါသတကြီး တုံ့ပြန်သံ​ကြောင့် ​ဆောင်းဟွန်းတကယ် လန့်သွားရသည်။
ထပ်တလဲလဲ ​တောင်းပန်မိ​တော့ ဆဲ​ရေးကာ ​ဆောင့်ပိတ်သွားသည့် တံခါး​ကြောင့် ​ဒေါသထွက်မိ​ပေမယ့် ဒီတိုင်းသာ လှည့်ထွက်လာခဲ့လိုက်သည်။
ညကြီးအချိန်မ​တော် စိတ်မြန်လွန်း​တဲ့ သူ့အပြစ်လဲ ကင်းတာမှ မဟုတ်ပဲ။
​တွေ့ချင်​​နေသူအား ​တွေ့ခွင့်မရလိုက်​တော့ နဂိုထဲက ညစ်ညူး​နေသည့် စိတ်က​လေးမှာ မကြည်မလင်။
လက်ထဲမှ ကတ္တီပါဘူး​​လေးအား ကျစ်ကျစ်ပါ​အောင် ဆုပ်ထားပြီး တလွဲ​တွေဖြစ်​​အောင် လုပ်လွန်းသည့် အတွင်း​ရေးမှူးကိုသာ အပြစ်​တွေ တင်လိုက်သည်။

"လိပ်စာအမှားကြီး လာ​ပေး​နေတယ် ချီးလိုပဲ အသုံးမကျချက်က"

​​ကော်ရစ်တာ တစ်​လျှောက်မှ ​တွေ့ရာမြင်ရာများကို ​ကန်​ကျောက်ပစ်လိုက်​တော့ ဝိုင်းဒိုင်းကျဲသွားသည့် ပစ္စည်းပြုတ်ကျသံများနှင့်အတူ ခုနက တံခါးမှာ တစ်ဖန် ပြန်ပွင့်လာသည်။

"​ဟေ့ ဟို​ကောင်​လေး မင်းး!!"

​နောက်ဆက်တွဲကြားလိုက်ရသည့် ထိုအခန်းပိုင်ရှင်လူကြီး၏ ​အော်ဟစ်ဆဲ​ရေးသံများ​ကြောင့် ​​​​​ပေါက်ကွဲ​နေသည့် ဆောင်းဟွန်းခမျာ ​နောက်​တောင် လှည့်မကြည့်​နိုင်ပဲ ဒ​ရော​​သောပါး ထွက်​ပြေးလာခဲ့ရ​တော့သည်​။

_______________________________

ဂျယ်ယွန်း တံခါး ဖွင့်ပြီးပြီးချင်း ​တွေ့လိုက်ရသည့် သူ​ကြောင့် ​​​ခြေလှမ်းတို့အား ​နောက်ဆုတ်လိုက်မိသည်။

LollipopDonde viven las historias. Descúbrelo ahora