Part-14

441 27 15
                                    

မှိုန်ပျ​သ​​လောက် အ​ရောင်စုံတဲ့ မီး​ရောင်​​အောက် မီးခိုး​ငွေ့​ဝေတို့က သဏ္ဍန်အလွင်လွင်။
ယစ်မူး​စေတဲ့ယမကာကို အချို့က ခံတွင်းဖျား၌ ​ပျော်ဝင်စေသည်။
အချို့က​တော့ ထိုယစ်မူးမှု​များအား ​သွေးပြန်​ကြောထဲသို့ ချွန်မြမြ​ဆေးထိုးအပ်ဖြင့် ကြားခံနယ်မရှိ​စေပဲတိုက်ရိုက်။
ညဥ့်ကြီးစိုး​သော အုပ်မှိုင်းမှိုင်းထိုညရဲ့ တွန်းပို့မှု​ကြောင့် မသိစိတ်ဟာ ဒုစရိုက်နှင့် ကြားခံနယ်မရှိ​တော့။

​သွေးနီ​ရောင်တင်ထား​သော နှုတ်ခမ်းပါးတို့ဟာ တင်းတင်း​​​စေ့ကပ်ထားခြင်းကို မလွန်ဆံဝံ့။
ကာလာခြယ်​​သော မျက်ခွံတို့ဟာ ညစ်ညူးစွာ ငြီးငြူခြင်းနဲ့အတူ ပိတ်​မှောင်ချသွားသည်။

"အမကြီးရှင်းမ် ဒီ​နေ့​​ တစ်ပွဲမှ မ​ကောင်း​သေးပါ့လား
စိတ်​ခြေ​နေမ​ကောင်းလို့လား"

သူမဆီမာ​ကျောက်အချို့ ပြန်ကမ်းလာရင်း ​အူးမြူးသံစွတ်လို့​​​မေးလာသည့် ​မေးခွန်း။
မယ်မယ်ရရအလုပ်မလုပ်ဘူးလို့ သွယ်လျ​နေတဲ့ လက်​ချောင်း​တွေကြား စီးကရက်ကိုညှပ်လို့ ရဲ​ဆွေး​သော နှုတ်ခမ်းနှစ်လွှာကြား ငုံခဲလိုက်ရင်း ရှုသွင်းလိုက်တဲ့ အဆိပ်​ငွေ့​တွေဟာ အဆုတ်​ထဲ ပြန်အ​ခြေချသည်။

"ဘယ်လိုလဲ ဆက်ပါဦးမှာလား။ ရပ်​တော့မလား"

ပြာခွက်ထဲ ဖိချလိုက်တဲ့ စီးကရက်​တောင့်ရဲ့ ထိပ်ဖျားဟာ ​ကြေမွမွ။

"ငါဘယ်သူလဲဆိုတာ ​မေ့​နေတာလား။
ရပ်လိုက်မယ် ဟုတ်လား?
All in"

လက်​ချောင်းသွယ်သွယ်၏ တွန်းပို့မှု​ကြောင့် ​ရောင်စုံ​ဒိုးပြား​လေး​တွေဟာ စားပွဲအလယ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်။
သတ္တိကောင်းသည်ထပ်ပို၍ မိုက်ရူးရဲဆန်ချင်သည့် သူမဘဝတွင် များစားစားစ​တေးစရာမှုမရှိဟု ထင်ခဲ့ဖူးသည်။
သို့​ပေမယ့် ထိုရူးမိုက်မှုကသာ တစ်​နေ့ သူမရင်ကိုခွဲ၍ နှလုံးသားတစ်ခုလုံးအား စုတ်ပြတ်​စေမည်ကို မသိပါပဲ။

ဆက်တိုက်ဆိုသ​လို ဝင်​နေ​ပေမယ့် လျစ်လျူရှုခံထားရဆဲ ဖုန်း​ကော​တွေရယ်။
သူမအပိုင်ဖြစ်ခဲ့ဖူး​သော ​ငွေသား​တွေကို သိမ်းဆည်း​​နေသည့် လှုပ်ရှားမှု​တွေရယ်။
ချုပ်တည်းရန်ခက်သည့် သူမ၏ ​ဒေါသ​တွေဟာ ယခုအခါ​တွင်လဲ အခက်​တွေ့​စေသည်။


LollipopWhere stories live. Discover now