Part-10

331 33 10
                                    

UNICODE

ဂျယ်ယွန်း ဦးတည်ရာမဲ့စွာ ​မောင်းနှင်းလာမိသည့် ကား​လေးဟာ ဘယ်ဆီကို ခရီး​ရောက်ဖို့ ရည်ရွယ်သည်မသိ။
သိမ့်ခနဲ ရပ်တန့်မိတဲ့​နောက် သူလက်ရှိ​ရောက်​နေ​သော ​နေရာဟာ ​ဆောင်းဟွန်း​နေ​သော ကွန်ဒို​အောက်။​
​လေးလံစွာ အသက်ရှူသံပြင်းပြင်းအား ရှိုက်ထုတ်လိုက်မိသည်။
ရင်ထဲ တင်းကျပ်​နေသမျှ ​ ဖြေ​လျှော့လိုက်ဖို့ ရည်ရွယ်​ပေမယ့် စိုးစဥ်း​လေးမျှ​တောင် ပေါ့ပါးမသွားခဲ့။
​ရင်အစုံမှာ နိမ့်ချည်မြင့်ချည် ​​အောက်စီဂျင်အား အလုအယက်ရှုရှိုက်​နေ​​ပေမယ့် လေထုဖိအား​အောက် ဖိသိပ်ခံထားရသလို မွန်းကျပ်လွန်းမှုတို့ဟာ ဆထပ်တပိုး။
​​ဒေါသ​တွေကို ​​ရှေ့က ကားစတီယာတိုင်​ပေါ်ပုံချလို့ အားပြင်းပြင်းဖြင့် ထုရိုက်လိုက်​တော့
လက်ဖျံစီမှာ တစ်ဆစ်ဆစ်နာကျင်မှုဟာ နှလုံးအိမ်ဆီသို့ လာသက်​ရောက်သည့်ပုံပင်။
​ဝေဒနာအား အ​ရေပြားဆီမှ မဟုတ်ပဲ ထိုနှလုံးသားမှ ခံစားမိသည်။
ထုံကျင်​နေသည့်တိုင် စူးနစ်​နေသည်။
ကား​နောက်မှီ​ပေါ်​ခေါင်းအား အသာလှန်ချလို့ မျက်လုံး​တွေကို ​မှေးမှိတ်ထားရင်း ထိန်းချုပ်​နေ​ပေမယ့် မျက်​တောင်ဖျား​တွေကို စိုစွတ်​စေသည့် မျက်ရည်စ​တွေအား သူမတားနိုင်ပြန်။
ဂျယ်ယွန်း သူသိပ်ကိုမှ လိုအပ်သည်။
နှစ်သိမ့်​ပေးမယ့် စကား​လုံး​တွေ။
​ထွေး​ပွေး​ပေးမယ့် ရင်ခွင်တစ်စုံ။
​ငေးကြည့်ရုံနဲ့တင် ဖရိုဖရဲပျက်ပြားနေသည့် ​သူ့စိတ်​တွေကို တည်ငြိမ်​စေမယ့် ​ဆောင်းဟွန်းအား သူ့နံ​​ဘေး​တွင်လိုအပ်သည်။
တစ်ဖက်တွင်လည်း သူ၏လက်ရှိပုံစံကို ​ဆောင်းဟွန်းအား မမြင်​စေချင်သည့် စိတ်က ​ဟန့်တား​နေပြန်သည်။
ထို့​ကြောင့် တိတ်တဆိတ်သာ ​​မျှော်​ငေးလို့ ​ဖြေသိမ့်လိုက်ရန်သာ ဆုံးဖြတ်ပြီး
Deskborad ထဲက စီးကရက်ဘူးကို ဆွဲယူလို့ ​ ကားထဲမှ ထွက်လာလိုက်သည်။
​အောက်မှ ​မော်​ငေးကြည့်လျှင် မြင်​​နေရသည့် ​ဆောင်းဟွန်း ရှိ​နေမည့် အခန်းကို မမှိတ်မသုန်ကြည့်မိလျှင် သူ့စိတ်​တွေဟာ ပကတိ တည်ငြိမ်သွားရသည်။
​ဆောင်းဦးရဲ့ မနက်ခင်းမြူခိုး​လေး​တွေ သူ့ကိုယ်ထပ် ခြုံသိုင်းသွားသလို ​အေးချမ်းခြင်းသို့ တစ်ဖန်။
ပတ်ခ်​​​ဆောင်းဟွန်းဟာ သူ၏ ကမ္ဘာကို ထိုသို့အ​ရောင်စုံ​စေသည်မလို့ အဆုံးအရှုံးမခံနိုင်သည်မှာ သူ့အတ္တလို့ မဆိုသာ။
မီးမမှိတ်​သေးတာ​ကြောင့် လှုပ်ရှားသက်ဝင်​နေမယ့် ​ဆောင်းဟွန်းရဲ့ ပုံရိပ်ကို ပုံ​ဖော်ရင်း နှုတ်ဖျားထပ် ငုံခဲလိုက်သည့် စီးကရက်။
မီးကျည်ရဲရဲဟာ အဆုတ်ထဲ နီကီတင်း​တွေ ရှုသွင်းလိုက်တိုင်း ​အောင်ပွဲခံသလို ထင်းခနဲ ရဲသည်။
ခံတွင်းထဲမှ ပြန်မှုတ်ထုတ်လိုက်တဲ့ အခိုးအ​သ​က်ငွေ့​တွေဟာ သူ့မြင်ကွင်းကို ​ဝေဝါး​စေသည်။
ထိုအခါ မျက်ဝန်း​တွေရဲ့ ​ငွေ့ရည်ဖွဲ့ခြင်းဟာ မှုန်ပျပျ။
ဂျယ်ယွန်းအတွက်​တော့ ဝမ်းနည်းမှု​တွေအား သိုဝှက်ရန်း အ​ကောင်းဆုံး ဗျူဟာပင်။

LollipopWhere stories live. Discover now