Part -5

304 36 12
                                    

Unicode

ပြာလဲ့​သော ​ကောင်းကင်ထပ် ဖြူလွှလွှ တိမ်စိုင်တို့က စုပ်ချပ်ခြယ်သည်။
ခပ်​​ဝေး​ဝေးမှ လှိုင်းပုတ်သံတို့​ကြောင့် ရင်ခုန်သံတို့ဟာ လက်ဆက်​နေ၏။
ကားပြတင်း​ပေါက်မှ တိုး​ဝေ့ဝင်ရောက်လာ​သော ဆားနံ့သင်းသင်းသည့် ​လေ​ပြေတို့က မျက်နှာတစ်ဝိုက် ​ဆော့​ပြေးကူးလူးသွားပြန်​တော့ မျက်ဝန်း​တွေကို မှတ်ချလို့ တဝကြီး ရှုရှိုက်မိပြန်သည်။
ယခုအ​ခြေအ​နေဟာ ကျိန်း​သေ​ပေါက် ​​နေရခက်သင့်သဘ့် အ​ခြေအ​​နေမျိုးဆိုသည့်တိုင် ဂျယ်ယွန်း စိတ်​တွေ ​ပေါ့ပါး​​နေသည်။
မသိစိတ်ဖြင့် သူ့​ဘေးနားက တည်ရှိမှု​လေး​ကြောင့် ကျေနပ်​နေ​သ​ယောင်။
​ဘေးနားက တည်ရှိမှု​လေးဆိုကာမှ လှုပ်လီလှုပ်လဲ့ သဏ္ဍာန်​လေးဟာ ဂျယ်ယွန်း၏ ဝဲဘက်ရင်အုံအား ပြင်းထန်စွာ အားသက်​ရောက်သည်။
လှိုက်​မောစွာ လွင့်စင်သွားရ​သော စိတ်အစဥ်အား သည်းခံထိန်းချုပ်ရင်း
လက်သည်းကြည်ကြည်တို့အား စတီယာတိုင်​ပေါ် ကုပ်ခြစ်​နေမိသည်က ခနခန။
​မသိဘာသာစောင်းငဲ့ကြည့်မိ​ကာမှ နှုတ်ခမ်းတ​ထော်​​ထော်ဖြင့် ​​​ သီချင်းလိုက်ငြီး​နေ​သော ​ကောင်ငယ်​လေးက သူ့ဘက်ရုတ်ချည်းလှည့်လာသည်မလို့ မလုံမလဲ အကြည့်အရင်လွှဲရသည်။
တစ်ဖက်က အ​တော်ကြာ စိုက်ကြည့်​နေ​သေးသည့် အာရုံခံစားမှု​ကြောင့် မျက်စံနက်နက်တို့ ​ဝေ့ဝဲရုံသာ ဂျယ်ယွန်းကြည့်​မိ​တော့ ​တောက်ပစွာ ပြုံးရယ်​နေပါ​သော အမျိုးသားငယ်။
ထိုတဒင်္ဂ
အပြုံးနုနုတို့အား ​​ငေးမိ​သော တစ်ခန
ဂျယ်ယွန်း ကမ္ဘာဟာ ဘာကို ဗဟိုပြုလို့ လည်ပတ်ခဲ့မှန်းမသိ။
​ကော့ညွတ်သွား​သော နှုတ်ခမ်းဖျား​တွေလား မှိတ်ကျ​သွားသော မျက်ဝန်း​တွေကိုလား။
ထင်ရှား​စွာ လှစ်ဟလာပါ​သော ပါးချိုင့်နက်နက်ဟာ ဂျယ်ယွန်း ညွတ်တွားစွာ သက်ဆင်းရမည့် ​အသူရာ​ချောက်​လေး။
သိမ်​မွေ့သည်။
ဘဝတစ်ခုလုံး စ​​တေးပစ်ချင်​လောက်သည်အထိကို သိမ်​မွေ့စွာ ရက်စက်ပြန်သည်​​။

​အသိစိတ်တို့ ဗလာကျင်းသွား​လောက်​အောင် ၊
ထိုမျှ​လောက်အထိ လှပ​သော အပြုံးအား ​မတွေ့မမြင်ဖူးပဲ ရှင်သန်ခဲ့ရသည့် အတိတ်အား ​နှ​မြောတသသ ဖြစ်ရသည်အထိ
ထိုမျှ​​​လောက်ထိ ဂျယ်ယွန်း​ အ​ပေါ် ပြုစားနိုင်စွမ်းသည်။

LollipopOnde histórias criam vida. Descubra agora