Part. 2(Zawgyi)

1.9K 56 5
                                        

'' ဝေး...အီခါ ငါးဆင်းဖမ်းပြန်ပြီလား ၊ရေညှိတွေနဲ့ချော်ပြီး ရေနစ်နေမယ်...''

မူလ အီခါရဲ့အှတ်ဥာဏ်တွေ System ကူးပြောင်းပေးပြီး မကြာမီ နောက်ကျောတွင်ပလိုင်းလွယ်ထားသည့် အမျိုးသမီးကြီးတစ်ယောက်ကိုတွေ့ရသည်။ မူလမှတ်ဥာဏ်ထဲကနေ ထိုအမျိုးသမီးကိုပြန်ရှာကြည့်တော့ အီခါတို့အိမ်နားက အိမ်နီးချင်း အဒေါ်ကြီးမာ ဖြစ်သည်။

'' ငါးမဖမ်းဘူး ဒေါ်ကြီးမာ.....ကျွန်တော် ပူလို့ရေခဏစိမ်လိုက်တာ.... ''

ရေစိမ်တာလား ၊ရေနစ်တာလား မသဲကွအောင် တစ်ကိုယ်လုံးစိုရွှဲနေသည့် ကောလေးကိုကြည့်ပြီး အဒေါ်ကြီးမာ ခေါင်းတရမ်းတရမ်းဖြင့် တောင်ပေါ် ဆေးပင်သွားရှာရန် ဆက်သွားခဲ့သည်။

ချည်ထည်ဖျင်ကြမ်းထည် လက်ပြတ်နှင့်ဘောင်းဘီရှည်ကို တွဲဝတ်ဆင်ထားသည့် သူ့ကိုယ်မှာ လေအဝေ့အေးကနဲဖြစ်သွားသည်ကြောင့် အဝတ်အစားလဲရန် မှတ်ဥာဏ်ထဲရှိ သူ့အိမ်တည်ရှိရာကို ရှာဖွေရင်း နှင့် System ရဲ့အကူအညီဖြင့် ရွာထဲဝင်လာခဲ့သည်။

ရွာရှိ အိမ်တွေကို ဝါးများဖြင်းအများဆုံးအသုံးပြုထားကြပြီး အမိုးသည်တော့ သစ်ရွက်တစ်မျိုးမျိုးဖြင့် အမိုးလုပ်ထားသည်ကို အီခါ မြင်တွေ့ရသည်။ ရွာရှိအိမ်တိုင်းမှာ ကလေးတွေရဲ့စကားသံလေးတွေသာ အများဆုံးပျံ့လွင်နေပြီး အသက်ကြီးရွယ်အိုတစ်ချို့သည်လဲ အသီးအရွက်များ ဓားနဲ့ခုတ်ဖြတ်နေသည်ကို တွေ့ရသည်။ မှတ်ဥာဏ်အရ လူလတ်ပိုင်းတွေက တောထဲ ထင်းရှာ၊ဟင်းစားရှာရန် သွားကြသည်ဖြစ်ကြောင်း သိလိုက်သည် ။

သူ့အိမ်ရှေ့ရောက်တော့ ဆံပင်တွေဖြူနေသည့် အမျိုးသမီးကြီးတစ်ယောက် အိမ်ထဲမှထွက်လာသည်ကိုတွေ့ရပြီး သူ့ရင်ထဲတွင်လဲ ရင်းနှီးနွေးထွေးသည့် ခံစားချက်လေးပေါ်ပေါက်လာ၏။

'' အီခါလေး.....အမေ ခုပဲ မင်းကိုလာရှာတော့မလို့....''

'' ဘာလို့လဲ အမေရ....ကျွန်တော် ငါးသွားရှာတာ ရမလာခဲ့ဘူး...''

'' ငါးသွားမဖမ်းပါနဲ့ ပြောနေတာ ၊ရေစီးက ခုချိန်သန်နေပြီ၊အီခါလေးသာ တစ်ခုခုဖြစ်သွားရင် ဒီလူအိုကြီးလင်မယားတော့ အသက်ဘယ်လိုဆက်ရှင်ရပါ့မလဲ.....''

'' သာယာအေးချမ်းတဲ့နေရာလေးဆီကူးပြောင်းပေးပါ '' (on going) Where stories live. Discover now