Part. 9(zawgyi)

1.3K 38 0
                                        

အဘွားခီရဲ့အာရုံထဲ ဝိုးတဝါးပုံရိပ်များစွာ ပေါ်ပေါက်လာ၏။အဘွားခီသည် ဇုမျိုးနွယ်မှတစ်ဦးတည်းသော အကြားအမြင်ဆရာမဖြစ်သည်။ ရှေ့ဖြစ်လာမည့်အကြောင်းအရာများကို သူ့အာရုံထဲ ပေါ်လာတက်ပြီး ထိုမှတစ်ဆင့် မျိုးနွယ်စုမှလူတွေကို အသိပေးလေသည်။

ယခုအာရုံထဲမြင်နေရသည်က အဘွားခီ မြေးအရင်းလိုချစ်ရသည့် ချစ်စဖွယ်ကောလေး ခီရယ်လေးမှာ သူတစ်ခါမှမမြင်ဖူးသည့် ရက်စက်ကောက်ကျစ်သည့်အပြုံးဖြင့် ပြုံးနေပြီး မျိုးနွယ်စုခေါင်းဆောင်ရဲ့ဇနီးလေးမှာ နာကျင်မှုတွေဖြင့် ဖြူဖျော့နေပြီး ခေါင်းဆောင်ခါရုသည်လဲ ဝမ်းနည်းနာကျင်သည့်မျက်ဝန်းတွေ၊ ဇုမျိုးနွယ်စုအကြား အမည်မသိမျိုးနွယ်မှလူတွေရောက်ရှိလာပြီး ဇုနဲ့ဇူးမျိုးနွယ်မှ လူတစ်ချို့အဖမ်းခံရသည့်မြင်ကွင်းတွေမှာ တရိပ်ရိပ်ပေါ်လာလေ၏။

မြင်နေရသည့်မြင်ကွင်းတွေမှာ အံ့သြစရာ၊ထိတ်လန့်စရာတွေနှင့်ပြည့်နှက်နေသည်ကြောင့် အဘွားအီ မျက်လုံးများကိုအသာပိတ်ကာ အာရုံခံနိုင်စွမ်းပိုရှိစေရန်ကြိုးစားကြည့်ခဲ့သည်ကြောင့် အဆုံးမှာတော့ ချွေးစေးတွေပြန်ကာ မောပန်းလွန်းနေခဲ့ပြီး အိမ်တိုင်ကိုမှီထိုင်နေခဲ့ရလေသည်။

'' အဘွား....ခီရယ်လာပြီ ''

ခြံရှေ့မှ ခီရယ့်အသံကိုကြားလိုက်တော့ အဘွားအီလန့်သွားသော်လည်း သူအရင်ကသိခဲ့သည့်နွေးထွေးကြင်နာသည့်ကောလေးအဖြစ် ပြန်အမှတ်ရမိတဲ့အခါ စိတ်သက်သာရာရသွားလေသည်။ သူအသက်ကြီးလာလို့ မြင်ရသည့်အမြင်အာရုံတွေသည်လည်း အရင်ကလိုမမှန်နိုင်လောက်တာလဲ ဖြစ်နိုင်သည်။

ရွာအနောက်ဘက်ရှိ တစ်ခြားခြံဝန်းတွေထက်နောက်ကိုရောက်နေသည့် အဘွားဇုခီရဲ့ခြံဝန်းဆီ ခီရယ် သိတက်စအချိန်ကထဲကအမြဲလာလေ့ရှိသည်။တစ်ရွာလုံးမှာ ခေါင်းဆောင်နှင့်မကွာသောအာဏာရှိသူမှာ အကြားအမြင်ဆရာမအဘွားဇုခီတစ်ယောက်သာရှိသည်ကို ခီရယ်သိသည်ကြောင့်ဖြစ်သည်။ခီရယ့်အမေကလည်း ခီရယ်ဥာဏ်ကောင်းလို့အမြဲချီးကျူးသည်။

ခီရယ် အိမ်ထဲရောက်တော့ အိမ်တိုင်တစ်ခုကိုမှီကာအမောဖြေနေသည့် အဘွားဇုခီကိုတွေ့သည်။ ရေအိုးမှရေတစ်ခွက်အမြန်ပြေးခပ်ကာ ယခင်ကအတိုင်းနူးညံ့ကြင်နာမှုတွေဖြင့် အဘွားဇုခီအားတိုက်လေသည်။

'' သာယာအေးချမ်းတဲ့နေရာလေးဆီကူးပြောင်းပေးပါ '' (on going) Hikayelerin yaşadığı yer. Şimdi keşfedin