Part. 6🚨

7.2K 556 46
                                        


အိမ်အပြင်ဘက်တွင် လေအေးမှာတိုက်နေသည်ကြောင့် အီခါ ​အခန်းရှိသစ်သားပြတင်းပေါက်လေးအား တွန့်တိုစွာဖြင့် ပိတ်ချလိုက်သည်။ တစ်ဖြည်းဖြည်းနဲ့ နှင်းမိုးရွာမည့်နေ့ကိုရောက်ရှိလာခဲ့ပြီ။

လေအဝေ့မှာ ချမ်းစိမ့်စိမ့်ခံစားရပြီး နှင်းမှုန်လေးတွေကျဆင်းစပြုလာခဲ့ပြီ။ နှင်းရဲ့အရသာကို လက်တွေ့ထိကိုင်ချင်သော်လည်း ခုရက်ပိုင်းအတွင်း အမေဇုနဲ့ရုရင်တို့ ၊ရွာထဲရှိ ဇုလူမျိုးတွေရဲ့ပြောပြမှု၊အလုပ်ကြိုးစားမှုကြောင့် အီခါပါ အနည်းငယ်စိုးရိမ်စိတ်ဝင်မိလေသည်။

သူ့လေအေးပေးစက်ကြီးက မကြာမီကပဲရွာထဲကနေ ပြန်ရောက်လာပြီး အိမ်ဘေးရေတွင်းတွင် ရေသွားချိုးနေသည်။သူ့ကိုယ်တော့ အေးနေမှာစိုးသည်ကြောင့် အိပ်ယာထဲဝင်နေဖို့ မှာသွားလေသည်။

အမေဇု ခန့်မှန်းချက်အရတော့ နှင်းမိုးရွာမည်က တစ်ပတ်လောက် အနည်းဆုံး ရှိမည်ဟုပင်။ အရင်ရက်တွေက စမ်းချောင်းနဲ့တောင်ပေါ်အဖျားအနားထိ ရုရင်နဲ့အတူရွာထဲရှိကောလေးများနဲ့ အတူတူသွားကာ စားလို့ရသည့်အပင်များ၊အသီးများကို အီခါလိုက်ရှာခဲ့သည်။

ခရမ်းချဥ်သီးတွေ၊ ဘူးသီးမျိုးစေ့တွေ၊ ဂျင်း ၊မိတ်သလင်၊စပါးလင်၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ခရမ်းသီးစသည်ဖြင့် ရေနားနီးသည့်စမ်းချောင်းနားတွင်လဲ ကန်စွန်းရွက် ၊ရှမ်းနံနံရွက်တွေ ၊ ပူစီနံတွေ၊ ဇရာရွက်စသည်တို့ကိုရရှိလာခဲ့သည်။ ဒါတောင် တောတောင်အဖျားတွင်သာ ရှာရသေးသည်၊ရှေ့ဆက်သွားရင် ဘယ်လောက်များများ စားလို့ရသည့်အပင်တွေထပ်တွေ့ရမည်မသိ။ထိုအတွေးတွေဖြင့်ပင် အစားသရဲ အီခါကိုရင်ခုန်စေမိပြီဖြစ်သည်။

အီခါအတွက်ကျ အရင်ကစားဖူးနေကျ အစားစာတွေဖြစ်တာကြောင့် မထူးဆန်းသော်လည်း အိမ်ရှိ ခါရုတို့သားအမိတွေအတွက်ကတော့ သူယူလာသမျှက အံ့သြဖွယ်ဖြစ်နေလေသည်။ဟင်းမယ်တမျိုးအသစ်ချက်ပြုတ်ပြီးတိုင်း အီခါ့အားယုံကြည်ချက်ရှိရှိဖြင့် ပထမဆုံးစစားသူမှာ သူ့လူကြီးခါရုဖြစ်လေသည်။ အမေနဲ့ရုရင်က အီခါ့အားမယုံကြည်တာမျိုးမဟုတ်သော်လည်း စားနေကျမဟုတ်သည့်ဟင်းကြောင့် အစပိုင်းမဝံ့ရဲကြခြင်းသာ။စစားပြီဆိုရင်လဲ ချီးကျူးသံတွေကလျံကျလာစမြဲပင်။

'' သာယာအေးချမ်းတဲ့နေရာလေးဆီကူးပြောင်းပေးပါ '' (on going) Where stories live. Discover now