Part. 4

6K 522 35
                                        


'' အီခါလေးက လှလိုက်တာ.... သတို့သားခါရုမြင်ရင် သေချာပေါက်ပိုချစ်သွားမှာပဲ...''

'' သေချာတာပေါ့လေ....အီခါလေးက ငါတို့ဇူးမျိုးနွယ်စုမှာ အချောဆုံးကောလေး မဟုတ်လား.....''

ခါရုနဲ့အီခါတို့ရဲ့ မင်္ဂလာပွဲနေ့ဖြစ်တာကြောင့် အီခါတို့အိမ်မှာ ရွာသူရွာသားတွေ စုရုံးရောက်ရှိနေသည်။ သတို့သမီးအခန်းတွင်လဲ ဇုမျိုးနွယ်မှ ပို့ပေးလာသည့် ဇုမျိုးနွယ်စုမင်္ဂလာဝတ်စုံကို အီခါ့အား ရွာထဲရှိကောလေးများနဲ့ အဒေါ်ကြီးတွေက ကူဝတ်ပေးနေသည်။

မျိုးနွယ်စုဝင်အချင်းချင်း လက်ထပ်ကြသလို အနီးနားရှိ ဇုမျိုးနွယ်စုဝင်များနှင့်လဲ အီခါကဲ့သို့လက်ထပ်သူများရှိသည်။ တစ်ခြားမျိုးနွယ်စုတွေနှင့် လက်ထပ်သူများရှိသော်လည်း  ရှားသည်။အကြောင်းမှာ ဇုမျိုးနွယ်ကဲ့သို့မဟုတ်ပဲ တစ်ခြားမျိုးနွယ်စုတွေမှာ ဇူးမျိုးနွယ်စုနှင့် ဝေးကွာသောအရပ်တွင်ရှိသောကြောင့်ဖြစ်သည်။

သတို့သမီးဖြစ်သူ ဝတ်ဆင်ရသည့်မင်္ဂလာဝတ်စုံမှာ သူနှင့်လက်ထပ်မည့်အမျိုးသား၏ မျိုးနွယ်စုဝတ်စုံကိုသာ ဝတ်ဆင်ရသည့်ဓလေ့ရှိလေသည်။

အီခါသည်လဲ  ဇုမျိုးနွယ်၏မင်္ဂလာဝတ်စုံဖြစ်သည့် ခေါင်းမှစွတ်ချရပြီး ခြေသလုံးတစ်ဝက်အထိရှည်သည့် အိင်္ကျီကုတ်လက်ရှည် သစ်ရွက်စိမ်းရောင်ကို ခါးတွင်ခါးစည်းကြိုးအပြာနုဖြင့် စည်းနှောင်ကာဝတ်ဆင်ထားသည်။ ဖိနပ်သည်လဲ မြက်ကြိုးဖြင့်ကျစ်ထားသည့် အစိမ်းရောင်ညှပ်ဖိနပ်ကို ဝတ်ဆင်ရသည်။ခေါင်းတွင်လဲ  ပန်းမျိုးအစုံဖြင့်လှပစွာကျစ်ထားသည့် ပန်းသရဖူကိုဆောင်းထားရသည်။

ဇုမျိုးနွယ်စုရဲ့ မင်္ဂလာဝတ်စုံအဓိပ္ပါယ်က လက်ထပ်ပေါင်းသင်းမည့်အကြင်ဇနီးမောင်နှံသည် သစ်ရွက်စိမ်းကဲ့သို့ နှစ်ယောက်အကြား စိုပြည်ချိုမြိန်သည့်အိမ်ထောင်ရေးရပါစေဟု အဓိပ္ပါယ်ရပြီး ခါးပတ်ကြိုးအပြာသည်ကတော့ ဇနီးမောင်နှံကြား ကောင်းကင်ကြီးကဲ့သို့အဆုံးမရှိအချစ်တွေ တိုးပွားပါစေဟုရည်ရွယ်ပါသည်တဲ့။

ပန်းသရဖူသည်ကတော့ သတို့သမီးလေးသည် အမျိုးသားအတွက်တစ်ဦးတည်းသောဘုရင်မလေးအ​ဖြစ် ရည်ညွှန်းသည်ဖြစ်ကြောင်း လွန်ခဲ့တဲနှစ်ရက်က မင်္ဂလာဝတ်စုံလာပို့ရင်း ရင်းနှီးခင်မင်သွားခဲ့သည့် မက်တော်ရမည့် ကောလေးရုရင်ဆီမှ အီခါသိခဲ့ရသည်။

'' သာယာအေးချမ်းတဲ့နေရာလေးဆီကူးပြောင်းပေးပါ '' (on going) Where stories live. Discover now