Part. 16

4.9K 413 23
                                        

'' လုပ်ထားကြ.......နေမွန်းတည့်ရင် ထမင်းစားနားမယ်...''

ဇုမျိုးနွယ်စုဝင် ယောင်္ကျားသားများ ရွာအပြင်ပတ်ပတ်လည်တွင် တူးမြောင်းအရှည်များကို ချွေးသံတစ်လုံးလုံးဖြင့် တူးနေကြသည်။ရွာခြံစည်းရိုးခတ်ရန်အတွက်လဲ တောင်ပေါ်မှ သစ်ဝါးသွားခုတ်ကာ သယ်သူကသယ်ဖြင့် အလုပ်ရှုပ်နေကြသည်။သို့သော် ထိုသူတွေရဲမျက်နှာပေါ်တွင်တော့ တည်ကြည်လေးနက်ဟန်များကိုသာ တွေ့ရသည်။ခါရုသည်လဲ သစ်လုံးကို သယ်လာရင်းဖြင့် နေမွန်းမတည့်မှီ အလုပ်အမြန်လုပ်ရန်ထပ်မံနှိုးဆော်လိုက်သည်။

ဇုမျိုးနွယ်စုမှလူများ သိထားရသည်က နောက်သုံးလလောက်ကြာရင် တစ်ခြားမျိုးနွယ်စုကနေ လာတိုက်ခိုက်ပြီးနယ်မြေချဲ့မည့်အကြောင်း အဘွားခီကြိုတင်နမိတ်ရ​ကြောင်းသာ သိထားကြလေသည်။ခါရုသည်ကတော့ အဘွားခီ ဟိုးယခင်ကပြောခဲ့ဖူးသည်နှင့်သူ့ဇနီးလေးအိမ်မက်အကြောင်း နှစ်ခုလုံးကအခြေနေတူနေသည်မို့ ဒီအရေးကိစ္စကိုမပေါ့ဆရဲ။

ကြောက်ရွံ့မှုဆိုတာ မြူမှုန်တစ်စလောက်တောင် သူ့တွင်မရှိပင်မဲ့ သူ့မှာခုဆိုအားနည်းချက်ရှိနေလေပြီ။ချစ်ရတဲ့ဇနီးလေးရယ်၊ မမွေးဖွားလာသေးတဲ့သားပေါက်လေးနဲ့ ပေါက်စီလုံးလေးရယ်၊အမေနဲ့ ရုရင်ရယ်။ တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်ဖြစ်သော ခေါင်းဆောင်စိတ်ကြောင့် သူ့မျိုးနွယ်စုဝင်အားလုံးကို နည်းနည်းလေးမှအထိပါးခံနိုင်မည်မဟုတ်။ ဒါကြောင့် သူ့မှာ ဘယ်သူ့ကိုမဆိုအရှုံးမပေး အနိုင်ရဖို့တစ်ခုသာရှိရမည်ဆိုသည့် ဆုံးဖြတ်ချက်ကို ပြတ်သားစွာချမှတ်ထားသည်ကြောင့် တစ်ခြားသူတွေထက် လေးနက်တည်ကြည်လွန်းနေ၏။

'' ထမင်းဟင်း ကျက်ပြီ။အားလုံးစားမယ်ဆို စားလို့ရပါပြီနော်.....''

ရုရင်လေးရဲ့ အသံကြောင့် နေပူထဲအလုပ်လုပ်နေကြသည့်အမျိုးသားတိုင်း ခါရုကိုကြည့်လာကြသည်။

'' ထမင်းစား နားမယ်....''

သူ့တို့ခေါင်းဆောင်ဆီက ခွင့်ပြုချက်ရသည်နှင့် တစ်ဂွီဂွီမြည်နေသည့်ဝမ်းဗိုက်ကိုဖြည့်ရန် ခေါင်းဆောင်အိမ်သို့ အမြန်သွားကြလေသည်။သူတို့ဘယ်လောက်အမြန်သွားသွား မမှီနိုင်သည့်သူကတော့ရှိလေသည်။ ထိုသူကတော့ သူ့အရပ်ရှည်ကြီးနဲ့ ခြေလှမ်းကျဲကြီးတွေလှမ်းကာ အိမ်အမြန်ပြန်နေသော ခါရုပင်ဖြစ်၏။

'' သာယာအေးချမ်းတဲ့နေရာလေးဆီကူးပြောင်းပေးပါ '' (on going) Место, где живут истории. Откройте их для себя