'' မသွားပါနဲ့......''
ထွက်သွားတော့မည့် ခါရု၏လက်တစ်ဖက်ကို ခီရယ် လှမ်းဆွဲထားလိုက်၏။
'' ဖယ်လိုက်.....''
ခါရုလက်တစ်ချက်ရုန်းလိုက်ရုံဖြင့် ခီရယ့်လက်ထဲတွင်ရှိနေသော လက်တစ်ဖက်သည် ခဏလေးအတွင်း ဆုပ်ကိုင်ထားခွင့်ပျောက်ဆုံးသွားလေသည်။ ခြေလှမ်းကျဲကျဲဖြင့် တောင်ခြေနားက ထွက်ခွာနေသည့် ခါရုဆီ ခီရယ်အမြန်ပြေးသွားပြီး နောက်ကျောပြင်ကျယ်ကြီးအား အတင်းဖက်ထားလိုက်ပြီး
'' ဘာလို့လဲ.....ငါ့မှာ ဘာချို့ယွင်းချက်ရှိလို့လဲ၊ ဇူးအီခါထက် မသာတာဘာမှ မရှိဘူး။ အဲ့ကောင်က ....အစ်....''
ခီရယ့်စကားတို့မဆုံးသေး နောက်လှည့်လာပြီး လည်ပင်းညှစ်လိုက်သည့် ခါရုကြောင့် ခီရယ် စကားဆက်ပြောလို့မရပဲ အသက်ရှူမဝဖြစ်ကာ မျက်နှာတစ်ခုလုံးနီလာ၏။
'' ငါ့ ဇနီးအကြောင်း ထည့်တောင်မပြောနဲ့။မင်းလား....ငါ့မြင်နေရတာတော့ ငါ့ဇနီးခြေဖျားတောင် မမှီဘူး။နောက်တစ်ခါ ငါ့လမ်းကိုလာမရှုပ်နဲ့...မဟုတ်ရင် ဒီလောက်နဲ့မပြီးသွားဘူး....''
ခီရယ့်လည်ပင်းကိုညှစ်ထားရာမှ လွှတ်ပေးလိုက်တော့ သူ့အားကြောင့် ခီရယ် လဲကျသွားသော်လည်း သနားကြင်နာစိတ်တစ်စက်မှမတွေ့စွာဖြင့် ဥပက်ေခါပွုကာ ခါရုထွက်သွားလေသည်။
'' အား..........မုန်းတယ်....''
တစ်ဖတ်သက်မျှော်လင့်ချက်တွေနဲ့ တစ်နှစ်နီးပါးစောင့်ခဲ့တဲ့ ခီရယ်မှာ မြေပေါ်မှပြန်မထပဲ အမုန်းတရားများစွာပြည့်နေသောမျက်ဝန်းမှ မျက်ရည်များစွာကျဆင်းလာပြီး အော်ဟစ်ငိုနေမိသည်။
တစ်နှစ်ဆိုတဲ့အချိန်အတွင်း အီခါကိုယ်ဝန်မရလာသေးတာကြောင့် ခီရယ့်လောက်ပျော်မိတဲ့သူ ဘယ်သူမှရှိမှာမဟုတ်။ ခါရုရဲ့ ဒုတိယဇနီးအဖြစ်နဲ့ နေပြီးမှ အီခါ့ကိုမောင်းထုတ်နိုင်ဖို့ အစီအစဉ်တွေတသီကြီး သူချမှတ်ခဲ့တာ။ ခါရုနဲနှစ်ယောက်ထဲတွေ့နိုင်မယ့် အခြေနေကို မျှော်လင့်ချက်အပြည့်နဲ့ သူစောင့်နေမိခဲ့တာ။တကယ့်တကယ်ကျ သူအရမ်းချစ်မိခဲ့တဲ့ အမျိုးသားက ခီရယ့်အားနာကျင်စေ၏။
