"ဟင် ....."
"ရှူး........ကိုယ်ပါ "
အိပ်ပျော်နေရင်း အနောက်ကနေပွေ့ဖက်လာသည့်လက်တစ်စုံကြောင့် အီခါ လန့်နိုးလာသည်။ ရင်းနှီးသည့် ကိုယ်ငွေ့နှင့် ခါရုအသံခပ်အုပ်အုပ်ကို ကြားမှသာ အကြောက်ပြေသွားရသည်။
" ယောင်္ကျား ထိခိုက်ဒဏ်ရာ ရသွားသေးလား၊ အကုန်လုံးရော အဆင်ပြေရဲ့လား၊ အခြေနေတွေ ဘယ်လိုရှိလဲ "
" သား နိုးသွားအုံးမယ် ဇနီးလေး၊အကုန်အဆင်ပြေတယ်နော်၊ ကိုယ်လဲ ဘာဒဏ်ရာမှ မရခဲ့ဘူး "
စိုးရိမ်နေသည့် ဇနီးလေးကို ခါရု ရင်ခွင်ထဲထည့်ကာ ပိုးတိုးလို့ဖက်ရင်း ပါးပြင်နုနုလေးအား အနမ်းခြွေမိသည်။ ဖြစ်နိုင်ရင် ဒီလူသားလေးအနားကနေ တစ်ဖဝါးမှခွာမသွားချင်ပါ။ စူထွက်နေသည့်ဗိုက်လုံးလုံးလေးကိုလဲ အနမ်းခြွေမိ၏၊ဒီအကောင်ပေါက်လေးက သူနဲ့ဇနီးလေးရဲ့ ချစ်ခြင်းလက်ဆောင်လေးဖြစ်သည်ကိုး။
မီးတုတ်မှိန်ပြပြထွန်းထားသည့် အလင်းရောင်အောက်ရှိ ဂူလေးထဲတွင် လင်မယားနှစ်ယောက်ပွေ့ဖက်ပြီး တီးတိုးစကားဆိုနေကြသည်။
သူတို့မျိုးနွယ်စုထောင်ထားသည့် ထောင်ချောက်တွေအောက် ဖရူးမျိုးနွယ်စုအတုံးအရုန်းနဲ့ အလဲလဲအပြိုပြိုဖြစ်ကာ ပြန်ဆုတ်ခွာသွားကြောင်းသိရပင်မဲ့ အီခါမှာ သိပ်မပျော်နိုင်။
"ဝါဘီက ရက်စက်ယုတ်မာသူမို့ ယောင်္ကျား သတိလျော့ထားလို့မဖြစ်ဘူးနော်၊ သူ့ဘက်က အထိအခိုက်များပင်မဲ့လဲ ကျွန်တော်တို့ထက်တော့ လူအင်အားများနေအုံးမှာပဲ "
"ဇနီးလေးရဲ့ မိဘတွေနဲ့ မျိုးနွယ်စုခေါင်းဆောင်ဆီ ကိုယ် သတင်းပို့ခိုင်းထားတယ်၊ ကိုယ်တို့မျိုးနွယ်စုနှစ်စုပေါင်းပြီး သူတို့ဘက်ကလာမတိုက်ခင် လက်ဦးမှုယူပြီးတိုက်ဖို့ စီစဉ်ထားတယ် "
အချိန်ခဏလောက်သာ စကားပြောနိုင်ပြီး ခါရုသည်လဲ ဇနီးလေးကို မလွှတ်ချင်လွှတ်ချင်ဖြင့် ရင်ခွင်ထဲမှထုတ်ကာ စီစဉ်စရာရှိတာတွေ စီစဉ်ရန်အတွက် ရွာသို့ပြန်သွားရလေသည်။
