DAY TOWN

2K 141 1
                                    

"DAY TOWN" အမည်ရတဲ့ clothing store လေးဟာ ဆိုးလ်မြို့ရဲ့ မြို့လယ်ခေါင်ကျတဲ့နေရာမှာ တည်ရှိတယ်။ ဆိုင်ရဲ့ အပြင်ပိုင်းပုံစံကို ခေတ်နဲ့အညီဒီဇိုင်းဆွဲ ပြင်ဆင်ထားပြီး အတွင်းပိုင်းကိုတော့ အဝါဖျော့ရောင် theme တွေအသုံးပြုပြီး ဆောက်လုပ်ထားသည်။
နှစ်ထပ်ဆိုင်ဖြစ်၍ အောက်ထပ်ကိုသာဆိုင်ခန်းအဖြစ်သတ်မှတ်ထားပြီး အပေါ်ထပ်ကိုတော့ နားနေခန်းပုံစံပြုလုပ်ထားသည်။ အားလုံးကိုခြုံကြည့်လျှင် Day Town ဆိုသည့်ဆိုင်လေးမှာ  အရောင်တောက်ပြီး ဆိုင်ရှေ့ကဖြတ်သွားသည့်သူတိုင်း သတိထားမိလောက်သည့်ဆိုင်ကလေးဖြစ်သည်။

....

ဒီနေ့ show လျှောက်ဖို့ရှိပါတယ်ဆိုကာမှ အသစ်ဝင်လာတဲ့မန်နေဂျာကြောင့် ကမောက်ကမဖြစ်‌နေသဖြင့် ရစ်ခီစိတ်မကြည်ပါ။
ညနေလျှောက်ရမယ့် showက Natural ဆန်တဲ့ lookမျိုးဖြစ်ရမှာမို့ ပွဲစီစဉ်သူတွေက အတတ်နိုင်ဆုံးအိမ်နေရင်းပုံစံဝတ်ဆင်ဖို့ ‌လွန်ခဲ့တဲ့သုံးရက်တည်းက ကြိုပြောထားပါသည်။ ဒါကိုအချိုးမပြေတဲ့ မန်နေဂျာက အချိန်မှီသူလုပ်ပေးပါမယ် စိတ်မပူပါနဲ့ ဆိုပြီး ဒီနေ့အထိ ဘာမှမစီစဉ်ပေး‌လို့ ရစ်ခီစိတ်တိုနေခြင်းဖြစ်သည်။ အချိန်အားဖြင့် နေ့လည် ၁နာရီကျော်သွားတာတောင် ရောက်မလာသေးကြောင့်  ဖုန်းဆက်တော့လည်း မကိုင်တဲ့အပြင် ချပါချပစ်သေးသည်။ ညနေဆို လျှောက်ရတော့မယ့် ရှိုးကို ဘာမှမပြင်ဆင်ပေးဘဲ ပျောက်သွားတာကြောင့် ရစ်ခီရှန့်ရဲ့သည်းခံမှုကကုန်ဆုံးသွားခဲ့ပြီ။
အစတည်းက အချိုးမပြေမှန်းသိလို့ သူအလုပ်မခန့်ဖို့ပြောခဲ့ရက်နဲ့ CEOကရုပ်ကြည့်ပြီး ခန့်လိုက်သည်ထင်သည်။ အဲ့အမျိုးသမီးကတော့ ဒီနေ့ပြီးရင်အလုပ်ပြုတ်ပြီဆိုတာ ကြိုခန့်မှန်းထားဖို့ကောင်းသည်။ အလုပ်ကိုမလေးစားတဲ့ မန်နေဂျာအသစ်ကိုဆက်စောင့်မနေတော့ဘဲ သူကိုယ်တိုင်ပဲသွားဝယ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ အိမ်နေရင်းပုံစံပေါက်မယ့်အဝတ်အစားမျိုး ဆိုင်ကလူကို‌ရွေးခိုင်းရင်လည်းရတာပဲ။

ရစ်ခီအဝတ်အစားဆိုင်ပတ်ရှာကြည့်ရင်း ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ ကားရပ်ကာ ဆိုင်အပြင်အဆင်ကိုတစ်ချက်ဝှေ့ကြည့်လိုက်သည်။ အရောင်တောက်တောက်နှင့် နှစ်ထပ်ဆိုင်က ကြည့်တာနဲ့ ရစ်ခီ့စတိုင်မဟုတ်ပင်မဲ့လည်း ထပ်ရှာရင်အချိန်မမှီတော့မှာစိုးတာကြောင့် ဒီဆိုင်ထဲပဲဝင်ရန်ဆုံးဖြတ်လိုက်ပြီး မမေ့မလျော့ maskကိုလည်းတပ်လိုက်သည်။ သူဟာတောင်ကိုရီးယားမှာနာမည်အကြီးဆုံး Model တွေထဲကတစ်ယောက်မလား။
ဆိုင်ထဲရောက်တော့ Jeans One Set ဝတ်ထားတဲ့ လူတစ်ယောက်ကိုရစ်ခီတွေ့သည်။ ဆံပင်အုပ်အုပ်နှင့် ထိုလူကသူ့ကိုတစ်ချက်ကြည့်ပြီး ဟိုဘက်ပြန်လှည့်သွားတာကြောင့် ရစ်ခီ့မှာအောင့်သက်သက်ဖြစ်သွားရသည်။

Model And His Problem Where stories live. Discover now