Trust me,I can do anything

842 145 19
                                    


အင်တာဗျူးဖြေတဲ့နေ့က စကားများပြီးနောင်ပိုင်းမှာ ရစ်ခီကထယ်ရယ့်ကိုပိုပြီး အပျောက်မခံဖြစ်လာသည်။
တစ်ခုခုဆို အလျှော့ပေးတတ်ပြီး တစ်ခါတစ်လေလည်း စိတ်ဆတ်တတ်သေးသည်။

ထယ်ရယ်ကမန်နေဂျာမို့ ရစ်ခီ့နားမှာ အမြဲတမ်းလိုလိုနေရပြီး ဘာschedule မရှိတဲ့နေ့တွေမှာတောင် သူတို့နှစ်ယောက်တွေ့ဖြစ်ကြသည်။
အချိန်တွေထိုသို့လည်ပတ်ရင်း မေလကနေ ဇွန်လသို့ရောက်ရှိလာသည်။
ဇွန်လတွင် ဒုတိယမြောက်ရှိုးပွဲရှိတာမို့ schedule ကမရှိဘူးဆိုရင်တောင် အနည်းဆုံး တစ်ရက်ကို သုံးခုကတော့ရှိသည်။
၅လပိုင်းတုန်းက နှစ်ယောက်လုံးအနားယူထားရတာမို့ ၆လပိုင်းမှာတော့ Artist ရော မန်နေဂျာပါ ရုန်းကန်ရပေတော့မည်။

"ရစ်ခီရေ ခဏနေ တို့တွေDesigner ဆီသွားရမယ်နော်"

Stylist ရဲ့စကားကြောင့် ထယ်ရယ်မျက်ခုံးနှစ်ဖက်မှာ တွန့်ချိုးလျက်သား။

"Designer နဲ့က ပြီးခဲ့တဲ့နှစ်ရက်ကတင် ကျွန်တော်တို့သွားတွေ့ထားတာလေအစ်မ"

ထယ်ရယ်ကပြောတော့ ထို stylistအစ်မက သူ့ဘက်လှည့်ကာကြည့်လာသည်။ ရစ်ခီ့ကိုကြည့်တဲ့မျက်နှာနဲ့ သိသာခြားနားစွာကြည့်လာတဲ့ ထိုအစ်မကြောင့် ထယ်ရယ်စိတ်ထဲ နည်းနည်းတော့တစ်မျိုးဖြစ်သွားရသည်။

"ဟုတ်တယ် အဲ့နေ့ကကိုယ်တိုင်းယူတာ တစ်ချို့အတိုင်းတွေသူမမှတ်လိုက်ရလို့တဲ့ ပြန်သွားရမယ်"

"အဲ့လိုတော့လုပ်လို့မရဘူးလေအစ်မရယ် အဲ့နေ့တည်းကကျွန်တော်ပြောထားပြီးသားပဲ နောက်နေ့တွေဆို ရစ်ခီ့မှာက schedule တွေအပြည့်ဖြစ်သွားမှာမလို့ ထပ်လာဖို့အချိန်မရှိတော့ဘူးလို့"

"သူကလည်းသူ့အလုပ်သူလုပ်ရတာလေ သူကခေါ်ရင်ငါတို့ကသွားရမှာပဲထယ်ရယ်ရဲ့"

"သူက ချုပ်ပေးမယ့် Designer ဆိုတိုင်း သူအဆင်ပြေသလိုလာလုပ်ခိုင်းလို့မရဘူးလေ ကျွန်တော်တို့မော်ဒယ်ကလည်း သူ့အလုပ်နဲ့သူရှိသေးတယ်"

"Show လျှောက်တဲ့မော်ဒယ်က Designer ဆီသွားဖို့ထက် ပိုအရေးကြီးတာရှိသေးလို့လား ငါကရစ်ခီ့ကိုပြောတာလေ နင်ကဘာဆိုင်လို့ဝင်‌ပါနေတာလဲ"

Model And His Problem Where stories live. Discover now