Kiss

927 121 2
                                    

"ထယ်ရယ်"

"အင်း.."

"ကြိုအသိမပေးဘဲ တစ်ခုခုကိုလုပ်လိုက်မိရင် အပြစ်ရှိလား"

"အဲ့ဒါက သူလုပ်တဲ့အပြုအမူပေါ်မှာဆိုင်တာပေါ့ သူများအဆင်ပြေဖို့အဲ့လူဆီကခွင့်ပြုချက်ယူဖို့ အချိန်မရှိတော့တဲ့အခါတွေမှာ ကြိုအသိမပေးဘဲ လုပ်လိုက်ရတာတွေလည်းရှိတယ်လေ ရှင်းရှင်းပြောရရင် ငါထင်တာတော့ ကိုယ်လုပ်လိုက်တဲ့အပြုအမူက သူများကိုမထိခိုက်စေရင် ကြိုအသိမပေးဘဲလုပ်လည်း ဘာမှမဖြစ်ပါဘူး"

ထယ်ရယ်က ရစ်ခီနားလည်စေဖို့သူသိသလိုမျိုး စကားအရှည်ကြီးနှင့်ရှင်းပြသည်။
မဟုတ်မှ ကင်မ်ထယ်ရယ်က ရစ်ခီတကယ်ပဲနားမလည်ဘူးလို့ထင်နေတာလား။
Fashion sense ပဲမရှိတာမဟုတ်ဘူး တစ်ခါတစ်လေ ကင်မ်ထယ်ရယ်က ပိန်းဥလည်းဆန်သေးတယ်လို့ ရစ်ခီကမှတ်ချက်ပေးလိုက်သည်။
ဒါပင်မဲ့ အပြင်မှာတော့ ထိုသို့မှတ်ချက်သွားပေးလိုက်ရင် ချက်ချင်းအလုပ်ထွက်သွား‌မည်ထင်သည်။

"ဪ အဲ့လိုကိုး ဒါဆိုသူများကို မထိခိုက်စေရင် ကြိုအသိမပေးဘဲလည်းလုပ်လို့ရတယ်ပေါ့"

"အင်း အဲ့လို-"

ထယ်ရယ်စကားမဆုံးခင် သူ့နှုတ်ခမ်းပေါ်ကိုကျလာသည့် ရစ်ခီ့နှုတ်ခမ်းတွေ။ အပေါ်တစ်လှည့်အောက်တစ်လှည့် ခပ်မှန်မှန်ငုံထွေးခြင်းခံနေရတာမို့ ထယ်ရယ်ခေါင်းထဲအရာအားလုံးဟာ အဖြူရောင်(ဗလာ)ဖြစ်သွားသည်။ ဘေးချင်းကပ် ထိုင်စကားပြောနေရာကနေ နမ်းလိုက်တာမို့ ထယ်ရယ်မှာမျက်လုံးပြူးမျက်ဆံပြာဖြစ်ရသည်။
ရုတ်တရက်မို့ လေထဲမှာကို့ရို့ကားရားဖြစ်နေတဲ့ ထယ်ရယ်လက်တွေကိုလည်း ရစ်ခီကသူ့ပုခုံးပေါ်ပြောင်းတင်စေတယ်။

ဆယ်စက္ကန့်...။

စက္ကန့်နှစ်ဆယ်...။

နောက်ပြီး စက္ကန့်သုံးဆယ်...။

ထိုမျှကြာတာတောင် လွှတ်မပေးတဲ့ရစ်ခီက မျက်လုံးမှိတ်ကာအနမ်းတွေကို ပြက်လပ်မသွားအောင် ဆက်သွယ်နေတုန်း။
လက်တစ်ဖက်ကထယ်ရယ်ပါးကိုကိုင်တာ နောက်တစ်ဖက်က ဆိုဖာပေါ်လက်ထောက်ရင်း သူ့နှုတ်ခမ်းတွေကိုတစ်ရှိုက်မတ်မတ်နမ်းနေတဲ့ ရစ်ခီက ဒီလိုအချိန်မှာတောင် ဆွဲဆောင်မှုရှိလွန်းလို့ မျက်ပြင်းကပ်စွာနဲ့ ထယ်ရယ်မျက်လုံးတွေကို မှိတ်ပစ်လိုက်ရသည်။
ကိုယ်တိုင်ကပြန်လည်တုံ့ပြန်မိလားမသိပင်မဲ့ ရစ်ခီ့နှုတ်ခမ်းတွေနဲ့နမ်းရတာ စတော်ဘယ်ရီဝိုင်သောက်ရသလိုပဲ။ ပြင်းရှရှနဲ့ ဆက်ခါဆက်ခါသောက်သုံးမိတော့မလိုမျိုး။

Model And His Problem Tempat cerita menjadi hidup. Temukan sekarang