2nd Round

922 124 8
                                    


နာရီကိုကြည့်မိတော့ နေ့လည် ၁နာရီကျော်နေပြီ။
ထယ်ရယ်နဲ့ ရစ်ခီ့မှာတော့ Global show ရဲ့ 2nd round က သန်ဘက်ခါပြိုင်ရမှာမို့ နှစ်ယောက်သားမနက်တည်းကအလုပ်များနေကြတာ နေ့လည်ရောက်လာမှန်းတောင်မသိ။
ရှိုးလျှောက်ရမယ့်ရက်မတိုင်ခင် တစ်ပတ်လောက်အလိုတည်းက ထယ်ရယ်ကရစ်ခီရဲ့ schedule တွေကိုရှင်းပေးထားသည်။
လအစမှာ မနက်ကနေညအထိ ကြော်ငြာတွေနဲ့ Interview တစ်ချို့ကိုပါလက်ခံခဲ့ပင်မဲ့ အခုတော့တစ်နေ့ကို ကြော်ငြာအများ‌ဆုံးနှစ်ခုသာ လက်ခံတော့သည်။
Interview ဆိုလျှင် အချိန်ဇယားထဲမှာလုံးဝကိုမရှိတော့။
အဲ့လိုနှင့်ထယ်ရယ်က ရစ်ခီ့ကိုရိုက်‌ပေးဖို့လာကမ်းလှမ်းတဲ့ တောင်လိုပုံနေတဲ့ ကြော်ငြာတွေကိုအာအညောင်းခံပြီး ငြင်းရတော့သည်။

ထယ်ရယ်ပြောတာက "ရှိုးနီးရင်အဲ့ရှိုးအတွက်အာရုံစိုက်ဖို့လိုတယ်၊
ဒါတွေကလည်းအရေးကြီးပင်မဲ့ မင်းရဲ့ရှိုးအတွက်ကိုယ့်ကိုကိုယ်လိုအပ်တာတွေပြင်ဆင်ထားဖို့ ငါက schedule တွေရှင်းလိုက်တာပါ"တဲ့။
ထယ်ရယ်ဘာလုပ်လုပ်မှန်တယ်ဆိုတဲ့ ရစ်ခီက ဒါကိုလည်းထယ်ရယ်သဘောအတိုင်းဖြစ်စေခဲ့တာပဲ။

ဒီနေ့အတွက်ဒုတိယမြောက်ဖြစ်ပြီး နောက်ဆုံးလည်းဖြစ်တဲ့ Leather jacket ကြော်ငြာကိုရိုက်အပြီးမှာ ရစ်ခီကထယ်ရယ်ရှိရာအခန်းဆီတန်းနေအောင်ရောက်လာသည်။
ဆိုဖာခုံ‌ပေါ်မှီထိုင်ရင်း အချိန်ဇယားစာရွက်ကိုမျက်နှာပေါ်တင်ပြီးငြိမ်နေပုံထောက်ရင် ထယ်ရယ်အိပ်ပျော်နေမှန်းရစ်ခီရိပ်မိပါသည်။
တကယ်ဆိုရင် သူထချင်တဲ့အချိန်မှထပြီး အစ်မဖြစ်သူရဲ့ Clothing store ဆီလာတတ်တဲ့ကောင်လေးက သူ့ကြောင့်နဲ့ မနက်အစောကြီးတွေအမြဲတမ်းထနေရတာမလား။
အခုဆို Showရက်ကအရမ်းနီးလာတော့ ပိုတောင်ဆိုးသေးတယ်။

Schedule စာရွက်ကိုအကြည့်ရောက်သွားတဲ့အချိန်မှာ ရစ်ခီ့နှုတ်ခမ်းတွေ တွန့်ကွေးသွားရသည်။
အချိန်ဇယားစာရွက်ပေါ်က အစိမ်းနုရောင် highlight တွေက ချွမ်ရွေ့ရဲ့အလုပ်အတွက်စာရင်းဖြစ်ပြီး အပြာရောင် highlight penနဲ့ဆွဲထားတဲ့ စာကြောင်းတွေကတော့ ချွမ်ရွေ့ကိုလုပ်ပေးဖို့လိုအပ်တာတွေပါတဲ့။
နောက်ပြီး ဘာအရောင်မှမရှိနေတဲ့ အကွက်ကလေးတွေက ချွမ်ရွေ့အတွက်အနားယူချိန်တွေ တဲ့လေ။
သူ့အတွက်ဘယ်လောက်တောင် အလုပ်တွေကြိုးစားပေးနေတဲ့ ကင်မ်ထယ်ရယ်ပါလဲ။
အခုတော့ ပင်ပန်းလို့ထင်ပါရဲ့ စာရွက်တွေမျက်နှာပေါ်တင်ပြီး
အိပ်နေတာ။

Model And His Problem Where stories live. Discover now