Four things

879 129 19
                                    

2nd round ပြီးသွားတာနဲ့ မော်ဒယ်ရော မန်နေဂျာဖြစ်တဲ့သူပါ နှစ်ရက်လောက်အနားယူဖို့ ဆုံးဖြတ်ထားကြသည်။
ရှေ့နှစ်တွေမှာ ဇယ်ဆက်သလိုအလုပ်တွေတောက်လျှောက် ခိုင်းခဲ့‌တာတွေအတွက် ပိတ်ရက်တွေကို အစားယူပေးမယ်လို့ ထယ်ရယ်ကဆုံးဖြတ်ထားတဲ့ပုံပင်။

CEOစီသွားပြီး သူ့အတွက်ပိတ်ရက်ရဖို့ခွင့်တောင်းနေတဲ့ ထယ်ရယ်ကမျက်နှာကိုအလှဆုံးပြုံးထားလို့။
ထိုအပြုံးကိုမြင်တော့ ရစ်ခီကပိတ်ရက်တောင်မလိုချင်တော့ပါဘူး။

အဲ့မန်နေဂျာက ဒီလိုမျိုးလူတိုင်းကိုဘာလို့ လှလှလေးလိုက်ပြုံးပြနေရတာလဲ။
မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း လှုပ်ရှားသွားတဲ့ခပ်ကော့ကော့မျက်‌တောင်လေးတွေ၊ ပြုံးလိုက်ရင်မို့တက်သွားတဲ့ ပါးပြင်လေးနဲ့အတူ ပေါ်လာတဲ့သွားညီညီလေးတွေ၊
စတော်ဘယ်ရီရောင်သန်းနေတဲ့ နှုတ်ခမ်းထူထူလေးတွေအထိ ရစ်ခီကသူ့အပိုင်ပဲဖြစ်စေချင်သည်။

မဟုတ်မှလွဲ သူ ထယ်ရယ်ကို တကယ်ချစ်မိသွားပြီဖြစ်မည်။

အချင်းချင်းစသိပြီး နှစ်ရက်လောက်မှာတင် မလုပ်သင့်တဲ့အပြုအမူကိုလုပ်ခဲ့မိကြတဲ့ သူတို့။ မရေမရာခံစားချက်တွေက နှစ်ဦးနှစ်ဖက်လုံးမှာရှိနေမှန်းသတိထားမိတဲ့အခါ ထယ်ရယ်ကအဲ့အခြေအနေကို သေသေပ်သပ်ဖြိုခွဲပေးခဲ့တယ်။

ဘယ်သူမှနေရမခက်ရလေအောင်၊ ဘယ်သူမှအားနာသမှုမျိုးမဖြစ်ရလေအောင် "ပြီးသွားတဲ့ကိစ္စလို့ပဲသတ်မှတ်လိုက်ရအောင်"လို့ပဲ ထယ်ရယ်ကပြောခဲ့တာ။

သူ့စကားထဲမှာ ရစ်ခီ့ကိုတားတဲ့စည်းလိုသဘောမျိုး‌ဆောင်တဲ့ စကားတစ်လုံးတောင်မပါခဲ့ဘူး။ သွယ်ဝိုက်သောနည်းနဲ့ "နှစ်ယောက်လုံးရဲ့ခံစားချက်တွေ သေချာလာတဲ့အထိစောင့်ရအောင်"လို့ ပြောခဲ့တာများလား။

ထယ်ရယ်နဲ့ ပတ်သက်ပြီး ရစ်ခီ သူ့ရင်ထဲကခံစားချက်တွေကိုသေချာသဘောပေါက်သွားတဲ့နေ့က လွန်ခဲ့တဲ့လကပင်။
အတိအကျပြောရလျှင် ‌မေလ ၂၀ရက်နေ့၊ သူ့မွေးနေ့က..။

မေလ ၁၉ရက်နေ့ရဲ့ နောက်ဆုံးတစ်မိနစ်မှာ ထယ်ရယ်က @shenricky04 ဆိုတဲ့အကောင့်လေးရဲ့ message boxကိုဝင်ပြီး စာတစ်ကြောင်းကိုအပီအပြင်ရိုက်နေခဲ့တယ်။
အခန်းရဲ့ဘယ်ဘက်ခြမ်းမှာကပ်ထားတဲ့ တိုင်ကပ်နာရီလေးမှာ လက်တံသုံးခုစလုံး 12:00 အတိ ဖြစ်သွားတဲ့အချိန် ချက်ချင်းဆိုသလိုပဲ သူရိုက်ထားတဲ့စာတိုလေးကို ကာယကံရှင်ဆီပို့လိုက်သည်။

Model And His Problem Wo Geschichten leben. Entdecke jetzt