Trouble

776 128 1
                                    


အလုပ်ပြန်လုပ်ရမယ့်ရက်မှာ Company အရောက် လက်ထဲရောက်လာတဲ့ အချိန်ဇယားစာရွက်ကို ကြည့်ရင်း ထယ်ရယ်မျက်လုံး ပြူးသွားရသည်။
လက်သန်းရဲ့ ပထမလက်ဆစ်တစ်ဝက်လောက် အထူရှိတဲ့ schedule တွေက နှစ်ပတ်အတွင်းမှာ ရစ်ခီလုပ်ရမယ့်အလုပ်တွေ တဲ့လေ။

အတင်းတောင်းနေတဲ့ ပိတ်ရက်နှစ်ရက်ကို ပေးပြီးသွားတဲ့နောက်မှာတော့ CEOက အတိုးချပြီး ခိုင်းဖို့ဟန်ပြင်နေတဲ့ပုံပင်။ ဒါမှမဟုတ် ဒီလိုအကြံနဲ့ တမင်နားခွင့်ပေးလိုက်တာလည်း ဖြစ်နိုင်သည်။
ထိုနှစ်ရက်လုံးမှာ ထယ်ရယ်ရောရစ်ခီပါ Company ကို မလာလိုက်မိသည်က နောင်တရစရာဖြစ်သွားသည်။
နဂိုတည်းက ရစ်ခီ့ကိုသူတို့နဲ့အလုပ်တွဲလုပ်ဖို့ ကမ်းလှမ်းချင်တဲ့ သူတွေကို ထယ်ရယ်ကငြင်းထားခဲ့တာ။ အခုထယ်ရယ်လည်း မရှိရော Company အထိရောက်လာပြီး ကမ်းလှမ်းစာတွေတင်သွားကြတာ ဖြစ်ရမည်။

လက်ထဲက အတော်အတန်ထူတဲ့ စာရွက်တွေကိုစုကိုင်ထားရင်း
ထယ်ရယ်ကတစ်ခုခုကို သတိရသွားဟန်ဖြင့် စာရွက်ထောင့်စွန်းတွေကို တစ်ရွက်ချင်းလှန်ကာ ရှာဖွေတော့သည်။

*Tomorrow Company*

"ဟက် ထင်တဲ့အတိုင်းပဲ"

ထယ်ရယ် သူတွေ့လိုက်ရသည့် Company နာမည်ကို ကြည့်ကာ ဟက်ခနဲတစ်ချက်ရယ်မိသည်။ ထယ်ရယ်ရဲ့ ရယ်သံမှာ စိတ်ပျက်မှုတွေလည်း ရောပါနေသည်ကို ရစ်ခီကသတိထားမိပါသည်။
စာရွက်ထောင့်စွန်းမှာ ရေးထားတဲ့ Company နာမည်တွေကို အလောတကြီးရှာနေတဲ့ ထယ်ရယ်ရဲ့ လုပ်ရပ်က လွန်ခဲ့တဲ့နှစ်ရက်က သူပြောပြခဲ့တာတွေကြောင့်သာမဟုတ်ရင် တစ်ခြားဘာများရှိဦးမှာလဲ။

"ချွမ်ရွေ့ မင်းဒီဟာကိုမရိုက်မရဘူး ငါအခုသွားပြောမယ်"

"ထယ်ရယ်သဘော"

စာရွက်ပေါင်းများစွာကို လက်ကကိုင်ပြီး CEO ရုံးခန်းစီလျှောက်သွားတဲ့ ထယ်ရယ်ရဲ့နောက်မှာ ရစ်ခီကထပ်ကြပ်မခွာလိုက်လာသည်။
ရုံးခန်းထဲရောက်တော့ ထိုအမြင်ကပ်စရာ CEOက ထယ်ရယ်တို့ရောက်လာမှာကို ကြိုသိနေသည့်အလား အေးဆေးသည့်မျက်နှာပေးဖြင့်။
ချွမ်ရွေ့အကြောင်းတွေ အားလုံးကုန်စင်သိလိုက်ရတဲ့ အချိန်တည်းက အဲ့ CEO ရဲ့ မျက်နှာကိုဆွဲကုတ်ပစ်ချင်နေတာ။ အခုလည်း တမင်လုပ်တာမှန်း ထယ်ရယ်ကကျိန်းသေသိနေသည်။

Model And His Problem Where stories live. Discover now