SNS

769 106 5
                                    

မနေ့က ရစ်ခီ့အိမ်မှာသူ့အဝတ်အစားတွေနေရာချတာ ကူပေးပြီးတော့ နှစ်ယောက်သားခေါက်ဆွဲပြုတ်စားကြသည်။ အိမ်ရှင်ဖြစ်တဲ့ရစ်ခီကပြုတ်ပေးပြီး မန်နေဂျာအသစ်ကိုသေချာဧည့်ခံချင်တဲ့ပုံပင်။
မျက်နှာချင်းဆိုင်ထိုင်ပြီး ခေါက်ဆွဲပြုတ်စားရင်း ရစ်ခီကထယ်ရယ်ရဲ့ဆိုင်အကြောင်းမေးသဖြင့် ဖြစ်ကြောင်းကုန်စင်ကို ထယ်ရယ်ကသေချာပြောပြလိုက်တော့သည်။

"အဲ့အချိန်ကျွန်တော်ရောက်လာလို့ ထယ်ရယ်ကဒီလိုဖက်ရှင်ကိုဆင်ပေးလိုက်တာပေါ့"

"ငါမိနစ်သုံးဆယ်လောက်သေချာရွေးထားတာကို မင်းက sense မရှိဘူးလို့ပြောတာလေ အဲ့အချိန်ပြန်ရွေးပေးချင်စိတ်ပျောက်သွားလို့ ရွဲ့ပြီးပေးလိုက်တာ အဲ့ဒါကိုမင်းကတကယ်ကြီးဝတ်သွားတယ်လေ"

"ထယ်ရယ်ကဝတ်ဖို့ပေးတာပဲမဟုတ်ဘူးလား"

"ရစ်ခီရှန်က စကားကိုကပ်သပ်ပြီးပြောနေတယ်"

သူပြောတော့ ရစ်ခီကအသံထွက်ရုံရယ်ရင်း schedule အကြောင်းရှင်းပြတယ်။ Global show က စာချုပ်ချုပ်ထားပြီးသားမို့ events နှစ်ခုမလာခင်အထိ ကြားမှာဘာပွဲမှမရှိကြောင်း၊ အဲ့ဒါကြောင့် ဒုတိယမြောက်ရှိုးပွဲမလာခင် သူရော ထယ်ရယ်ပါအနားယူလို့ရကြောင်း ပြောပြသည်။
ကွန်ဒိုရဲ့ အပေါ်ဆုံးထပ်မှာ ရစ်ခီရှန်လိုလူနဲ့ ထယ်ရယ်ကခေါက်ဆွဲတူတူစားနေရတယ်ဆိုတာ မဖြစ်နိုင်‌တာကြီးပါပဲ။ ဒါပင်မဲ့ မဖြစ်နိုင်တာကတကယ်ဖြစ်နေတာလည်း ထယ်ရယ်သိပါတယ်။

........

*တောင်*

ဖုန်းသုံးနေရင်း နိုတီမြည်သံကြောင့် screen အပေါ်ဘက်ကိုဆွဲကြည့်တော့ တစ်ယောက်ယောက်က ထယ်ရယ်ရဲ့ Instagram အ‌ကောင့်ကို follow လာလုပ်သည့်ပုံပင်။
ထူးထူးဆန်းဆန်းမဟုတ်တာမို့ ထယ်ရယ်ဝင်မကြည့်တော့ဘဲ SNSဆက်သုံးနေလိုက်သည်။

*တောင်*
*တောင်*
*တောင်*

သို့သော် တတောင်တောင်နှင့်အဆက်မပြက်ဝင်လာသည့် နိုတီတွေကြောင့် ထယ်ရယ်မူမမှန်ဖြစ်မှုကိုခံစားလာရသည်။ ရုတ်တရက်ကြီး ထယ်ရယ်ရဲ့Igမှာ ဘာလို့followers တွေတောက်လျှောက်တက်လာရတာလဲ။

Model And His Problem Where stories live. Discover now