Culprit

725 125 24
                                    


သူ့မော်ဒယ်ဆီမှာမှ ဘာတွေမှားနေတာလဲ ဆိုတာ ထယ်ရယ်လည်းစဉ်းစားမရတော့ပါ။
ရယ်ရွယ်ချက်ရှိရှိ ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အခုမှစုပြုံထွက်လာတဲ့ ရစ်ခီ့နဲ့ သူရဲ့ သတင်းတွေ။ ဟုတ်မှန်တာလည်းရှိသလို ၊ လုပ်ကြံပြီး ပြောကြတာတွေလည်း ရှိလိမ့်မည်။

ဖြစ်သမျှ ပြဿနာတွေကို ခေါင်းထဲကခဏထုတ်ကာ ရစ်ခီ့အခန်းဆီ အပြေးတစ်ပိုင်းသွားမိသည်။
သူရောက်လာတော့ အိပ်ယာပေါ်မှာ ဘေးစောင်းအိပ်နေသည့် ရစ်ခီ့ကိုမြင်မှ စိတ်အေးသွားရတော့သည်။
မတော်လို့များ နိုးလာပြီး ဖုန်းသုံးနေခဲ့ပါလျှင် ဒီကောင်လေးရဲ့ စိတ်အခြေအနေက ဘယ်လိုဖြစ်သွားနိုင်လောက်သလဲ ဆိုတာ ထယ်ရယ်မသိပါ။
သူ့ရှေ့ကလူအပေါ် စိုးရိမ်စိတ်နှင့် စိတ်ပူစိတ်သာ ရောနှောနေသည့် ထယ်ရယ်မှာ ဆေးထုတ် ဘေးချရင်း ဗျာများနေရပြန်သည်။

"ထယ်ရယ်"

ထိုင်နေပါသော်လည်း ရစ်ခီ့ကိုကြည့်၍ စိတ်အမောဖြေနေသည့် ထယ်ရယ်မှာ အကြည့်ခံရသူ၏ ခေါ်သံကြားမှသာ သတိပြန်၀င်လာတော့သည်။

"အင်း ချွမ်ရွေ့လေး နိုးပြီလား"

"ခုနက နေရတာအရမ်းခက်လာလို့ ကိုယ်အိပ်ပျော်သွားမိတာထင်တယ်"

"နိုးလာပြီဆိုတော့ ဆန်ပြုတ်သောက်ရအောင်နော် ပြီးရင်ဆေးလည်းသောက်ရဦးမှာ"

"ထယ်ရယ်သဘော"

ရစ်ခီပြောတော့ သူ့ဘေးနားက လှစ်ခနဲထသွားကာ ဆန်ပြုတ်ပန်းကန်သယ်ရင်း ပြန်ဝင်လာသည့် ထယ်ရယ်က ခြေမြန်တော်လေးနှင့်ပင် တူသည်။

ဆန်ပြုတ်တစ်ဇွန်းချင်းဆီတိုင်းကို မပူတော့အောင် မှုတ်ပြီးနောက် စိတ်ရှည်ရှည်နှင့် ခွံ့ကျွေးနေသည့် ထယ်ရယ်က ရစ်ခီ့အတွက်တော့ တယုတယသိမ်းထားချင်မိတဲ့ ပန်းပွင့်လေးပါပဲ။
ချစ်လွန်းလို့ လှပကျော့ရှင်းသည့် ပန်း နှင့်တင့်စားခြင်းဖြစ်ပါသည့်တိုင်
ထယ်ရယ်က နူးညံ့ပင်မဲ့ ပျော့ညံ့သည့်သူတော့မဟုတ်ခဲ့ပါ။
ဉာဏ်ကောင်းပြီး သတ္တိလည်းရှိသည့် ရစ်ခီ့ရဲ့အာဂလူသားလေးပင်။
ရှေ့ကအမြဲနေပေးခဲ့သည့်အပြင် လိုအပ်လျှင် ဘေးမှာရော၊ အနီးနားမှာပါ အမြဲရှိနေတတ်သည့် ရစ်ခီ့၏ ပြဿနာလှလှကလေးလည်း ဖြစ်သည်။

Model And His Problem Where stories live. Discover now