Not your false

837 123 2
                                    

ထယ်ရယ် ရစ်ခီ့ရဲ့မန်နေဂျာလုပ်နေတာ တစ်လနီးပါးရှိတော့မယ်။
ရစ်ခီ့အကြောင်းတွေလည်း ပိုသိလာပြီး ရစ်ခီကလည်းထယ်ရယ်အကြောင်းတွေ အတော်လေးနောကြေလာပြီ။ နောကြေလာတဲ့အမျှ ကင်မ်ထယ်ရယ်မှာ Trouble maker ဆိုတဲ့နာမည်‌ပြောင်မျိုး မရှိရင်သာထူးဆန်းနေတော့မှာလို့ ရစ်ခီကခဏခဏတွေးမိသည်။

ဒီကြားထဲ ကိစ္စတစ်ချို့ဖြစ်သွားပြီး ထယ်ရယ်က showအတွက် ရစ်ခီ့ကို အဝတ်အစားဒီဇိုင်းမရွေးပေးရတော့ဘူး။ အဲ့နေ့ကနားနေခန်းထဲမှာ အင်တာဗျူးမစခင် ရစ်ခီနဲ့ထယ်ရယ် စကားအနည်းငယ်များဖြစ်ကြသေးသည်။

"ရစ်ခီရား မင်းရှိုးအတွက် stylist ရပြီဆိုရင်လည်း ငါအလုပ်ထွက်လို့မရဘူးလား"

"မရဘူးပေါ့"

"ဘာလို့လဲ မန်နေဂျာလုပ်ရတဲ့အလုပ်ကို မင်း CEOခေါ်လာပေးတဲ့ stylistအစ်မကလုပ်ပေးမှာပဲလေ ငါ့ကိုလိုသေးလို့လား"

"မန်နေဂျာတွေကနဂိုတည်းက အဝတ်အစားရွေးပေးစရာမှမလိုတာ"

"ဘာရယ် ဘာပြောလိုက်တာလဲအခု?"

"Stylist ရှိရှိမရှိရှိ ထယ်ရယ်အလုပ်မထွက်ရဘူး"

ပြောပြီး စတော်ဘယ်ရီမစ်ရှိတ်ကိုပိုက်နဲ့ ပြန်စုပ်သောက်နေတဲ့ ရစ်ခီကဒီနေ့ ထယ်ရယ်နဲ့အစေးကပ်မယ့်ပုံမပေါ်ပါ။
ရစ်ခီရှန်က သူ့ကိုကြိုက်လည်းမကြိုက်ဘဲ ဘာလို့အနားမှာခေါ်ထားနေတာလဲ။ ထယ်ရယ်အဲ့လိုတွေးရင်း အေးအေးဆေးဆေးဖြစ်နေတဲ့ သူ့ရှေ့ကလူကို ‌စိတ်တိုလာသည်။

"ငါမေးနေတာကိုဖြေလေ ရစ်ခီရှန်"

‌ထယ်ရယ်က ရစ်ခီ့ဘေးခုံမှာထိုင်နေရင်း မတ်တပ်ထရပ်ကာ ပြောလိုက်တာမို့ စကားသံကအနည်းငယ်ကျယ်သွားသည်။
နာမည်အပြည့်အစုံကို ခေါ်လိုက်တာကြောင့် ရစ်ခီကထိုင်နေရာမှထယ်ရယ်ဆီအကြည့်ပို့လိုက်သည်။ အခု ကင်မ်ထယ်ရယ်ကသူ့ကို နာမည်အပြည့်အစုံပါခေါ်နေတယ်ပေါ့။
သီးသန့်နားနေခန်းထဲမှာ သူတို့နှစ်‌ယောက်ပဲရှိနေလို့သာ တော်သေးသည်။ မဟုတ်ရင် ထယ်ရယ်တော့ ရစ်ခီရှန်ကိုအော်ပါတယ်ဆိုပြီး နာမည်ကြီးသွားတော့မှာ။

"အရမ်းသိချင်တယ်ပေါ့"

"..."
ထယ်ရယ်ကပြန်မဖြေ။

Model And His Problem Where stories live. Discover now