Be my manager

895 118 2
                                    

ဆိုင်ကပြန်လာတာနဲ့ ထယ်ရယ်အိပ်ယာထဲတန်းလှဲလိုက်တော့သည်။
ကင်မ်ထယ်ရယ် ရယ် ဘာလို့ နိုင်ငံကျော် Modelကိုမှ သူ့ဖက်ရှင်အတိုင်းဆင်ပေးလိုက်ရတာလဲ အဲ့ရစ်ခီရှန်ကလည်းတကယ်ကြီးသူပေးတဲ့အတိုင်း ဝတ်ပြီး showသွားလျှောက်စရာလား။ သူ့ဘာ့သူ fashion sense နည်းမှန်းတော့သိပါတယ် ဒါပင်မဲ့အဲ့လူကထယ်ရယ်ကို မခံချင်အောင်လာပြောတာကို။

မနက်ကျရင် ဘယ်လိုလုပ်မလဲ
ဆိုင်ကိုရစ်ခီရှန့်fanတွေရောက်လာမှာလား သတင်းထောက်တွေက သူ့အစ်မကိုအင်တာဗျူးကြမှာလား
စောက်ရမ်းစတိုင်ကျတဲ့ရစ်ခီရှန်လိုလူကို ဒီလိုအဂွမ်းဖက်ရှင်ဆင်မျိုးဘယ်သူကဆင်ပေးလိုက်သလဲလို့ မေးကြမှာလား။ အဲ့ဒါကထယ်ရယ်ဆင်ပေးမှန်းသိသွားရင်ရော သူတို့ထယ်ရယ်ကို ဘာပြောမှာလဲ။
မေးခွန်းပြောင်းများစွာကို တွေးတောလိုက်ရတဲ့ထယ်ရယ်ဟာ ပင်ပန်းပြီးအိပ်ပျော်သွားပါတော့တယ်။ မနက်ဖြန်မှာသာ ဘာတွေဖြစ်လာမလဲသိခဲ့ရင် ပိုအားမွေးဖို့ ထယ်ရယ်ဒီညကိုစောစောအိပ်မိမယ်ထင်တယ်။

ထယ်ရယ်နိုးလာတော့ အချိန်မှာ မနက်ကိုးနာရီ။ မနေ့ညကအိပ်ပျော်သွားပြီး alarmမပေးလိုက်မိတာကြောင့် မနက်ထရာမှာနောက်ကျသွားခြင်းဖြစ်သည်။ ဖုန်းဖွင့်ပြီး SNSခဏတုန်းနေတုန်း website ကနေ *Ricky Shenကို ဘယ်သူဒီလိုထူးဆန်းတဲ့ဝတ်စုံကို ဆင်ပေးတာလဲ* ဆိုတဲ့‌ပို့စ်ရဲ့အောက်မှာ comments တွေ ထောင်နားကပ်တဲ့အထိများပြားနေတော့သည်။

*ထူးဆန်းတဲ့အဝတ်အစားကို ဝတ်လာတာတောင်ရစ်ခီရှန်မလို့ လိုက်နေတုန်းပဲ*

*ဖက်ရှင်နဲ့ပတ်သက်ပြီး စန်းစန်းတင့်တဲ့ငါတို့သူဌေးသားကို ဘယ်သူကဒါမျိုးဆင်ပေးလိုက်နိုင်တာလဲ*

*ဒီအဝတ်အစားဆင်ပေးတဲ့သူကဘယ်သူမို့ ရစ်ခီဒီသူ့စတိုင်မဟုတ်တဲ့အရောင်တောက်"တွေအထိတောင် ဝတ်လာတာဖြစ်မလဲ အဲ့ဆိုင်ပိုင်ရှင်ကယောင်္ကျားလေးလား မိန်းကလေးလားသိတဲ့သူရှိရင်ငါ့ကိုပြောကြပါဦး*

*ငါ့သားကို ဒီလိုဆင်ပေးတဲ့သူ ငါနဲ့လမ်းမှာမတွေ့ပါစေနဲ့*

ဘုရားရေ ကောမန့်တွေဖတ်ရင်း ဖုန်း‌screenပေါ်က နီရဲနေတဲ့ miss called တွေကိုမြင်ပြီး ထယ်ရယ်လန့်သွားတုန်းအစ်မဆီကဖုန်းထပ်ဝင်လာတာကြောင့် အလျင်အမြန်ပဲကိုင်လိုက်တော့သည်။

Model And His Problem Wo Geschichten leben. Entdecke jetzt