ep(1)

6.9K 259 0
                                    

❤️>> ဇီဇာကြောင်တဲ့ သူဋ္ဌေးသား < < ❤️

ep(1)

တိန် တိန် တိန် !

မှန်တင်စားပွဲက တတိန်တိန်မြည်လာတဲ့ နှိုးစက်ကြောင့်  ရှောင်ကျန့် တယောက် လွန့်လူးကာ နိုးလာပြီး ထပ်အိပ်ချင်သေးတာကြောင့် နှိုးစက်ကို ပိတ်ကာ ပြန်အိပ်လိုက်သည် ။

နံနက် 8 နာရီ ....

"ရှောင်ကျန့်   ရှောင်းရှောင်ကျန့် ! "

"အားယိုး ဘာလဲဗျာ ..."

"ဘယ်ချိန်ရှိပြီလဲ ထကြည့်အုံး ညက ပြောတော့ ဒီမနက် အလုပ်သွားလျှောက်မလို့ဆို "

"ဗျာ ! "

အဖိုးဆီက အလုပ်ဆိုတဲ့ စကားသံကြောင့် ရှောင်ကျန့် ငေါက်ကနဲ ထထိုင်လိုက်သည် ။ ဟုတ်သားဘဲ ဒီနေ့ငါ အင်တာဗျူး သွားဖြေရမယ် ။ သေစမ်း !!! ဘယ်ချိန်ရှိပြီလဲ ။

" ဗျာ မနေနဲ့ နံနက် 8 နာရီခွဲနေပြီ "

"အားးးးးး 9 နာရီ အင်တာဗျူး ဖြေရမှာ သေပြီ  အဖိုးရေ .....!"

သူ့ဟာသူအော်ပြီး ပြာယာခတ်ကာ စောင်ပုံကြားက အတင်းတိုးထွက်ကာ ရေချိုးခန်းထဲ ပြေး၀င်သွားလေရဲ့ ။

သွားတိုက် မျက်နှာသစ် အမှုကို အမြန် ထမ်းဆောင်ကာ  အ၀တ်စား အမြန်လဲရတော့သည် ။ ရေတော့ ပြန်လာမှဘဲ ချိုးတော့မည် ။ရှုပ်ပွနေတဲ့ အခန်းတွင်းဘဲ လျော်ရမဲ့ အ၀တ်အစားလေးကို ပစ်ပုံခဲ့တာ ပွနေတဲ့ ခေါင်းကို လက်နဲ့ဘဲ သပ်သင်ပြီး  အိမ်ရှေ့ ထွက်လာခဲ့သည် ။

" နံနက်စာ မစားတော့ဘူးလား သားကျန့်  "

" မစားတော့ဘူး အဖိုးရေ လိုင်းကားစီးရအုံးမယ် မြန်မြန်သွားမှ ရမှာ "

" နဲနဲတော့ စားသွား လမ်းမှာ ဗိုက်ဆာနေမယ် သားငယ်"

" စားလို့ကို မဖြစ်တော့လို့ပါ မမရာ  သွားပြီ "

ပြောရင်း ကပြာကယာ ထွက်သွားတဲ့ ရှောင်ကျန့်က  မစားဘူးသာ ပြောတယ် ကိတ်မုန့် တခုလုံးကိုတော့ ပါးစပ်ထဲ ရအောင် သွပ်သွားသေးသည် ။

ရှောင်ကျန့်တို့ မောင်နှမဟာ ငယ်စဉ်ကတည်းက Accident ကြောင့် မိဘတွေ ဆုံးပါးသွားလို့ အဖိုးနဲ့ နေသည် ။ ကျဲက အသက် 25 နှစ်ဖြစ်ပြီး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသည် ။ အသက် 22 နှစ်အရွယ် ရှောင်ကျန့်ကတော့ ခုမှ ကျောင်းပြီးလို့ အလုပ်စလုပ်မည် ဖြစ်သည် ။ အဖိုးကိုလည်း အလုပ်မလုပ်စေချင်တာကြောင့် ပြီးတော့ အိမ်လခ မီးဖိုး ရေဖိုး စသည်တို့သည် ကျဲတယောက်ထဲရဲ့ လုပ်အားခနဲ့ မဖြစ်နိုင် ။ သူပါ အလုပ်လုပ်မှ ဖူလုံမည် ဖြစ်တာကြောင့် မဖြစ်မနေ အလုပ်ရမှ ဖြစ်မည် ။ ခုတော့ Bus ကား စီးဖို့ အရေး ရပ်ကွက်  လမ်းထဲကနေ လမ်းမကြီး ဆီ အမြန်ပြေးရအုံးမည် ။

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️ { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now