ep(13)

2.2K 153 3
                                    

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️






ep(13)

ရုံးခန်းထဲမှာ တိတ်ဆိတ်နေတဲ့ လူနှစ်ဦးက တယောက်နဲ့ တယောက် ခိုးခိုးကြည့်ရတာလည်း အမော

" ဒီနေ့ အချိန်ဇယားတွေ ပြောပြပေးလို့ရမလား "

တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာ BOSS ပင် ။ရှက်နေပေမဲ့လည်း ခုက အလုပ်ချိန်မို့ ရှောင်လွှဲလို့ မရပေ ။

"ဟုတ် "

ရှောင်ကျန့်က Computer ကြည့်ရင်း BOSS ရဲ့ တစ်နေ့တာ အချိန် ဇယားကို ရွတ်ပြနေသည် ။

"10နာရီခွဲမှာ Meeting တခုရှိတယ် ပြီးတော့ နေ့လည် 2နာရီ အပြင်မှာ နိုင်ငံခြားဧည့်သည်တွေနဲ့ တွေ့ရမယ် ညကျရင် Dinner တစ်ခုရှိပါတယ်  "

" အမ် ဒီနေ့တော့ ပင်ပန်းတော့မှာဘဲ "

"သံပုရာရည် သောက်မလား BOSS သန့်သန့်လေး လုပ်ပေးမယ်လေ "

ဟုတ်ပါသည် BOSS တစ်ယောက် ဒီရက်ပိုင်း အလုပ်တွေက ဆက်တိုက်ဖြစ်နေလို့ နားချိန်တောင် သိပ်မရှိဘူးဆိုတာ သူ့မျက်မြင်ဘဲလေ ။ဝိုင်းကူချင်ပေမဲ့လည်း သူလည်း အဲ့လောက်ထိ လုပ်ငန်းရေးရာမှာ မကျွမ်းကျင် တိုးချဲလုပ်ငန်းတွေက များတော့ တစ်ခါတစ်ခါ နိုင်ငံခြားသားတွေနဲ့ပါ တွေ့ရသေးသည် ။

" အင်း "

BOSSက သံပုရာရည် သောက်ဖို့ လက်ခံလိုက်တာမို့ ရှောင်ကျန့် ပြုံးလိုက်တယ် ။ပြီးတော့ ရုံးခန်းထဲက ထွက်သွားပြီး BOSS တွက် သံပုရာရည် ဖျော်ပေးဖို့ တက်ကြွစွာ လုပ်ဆောင်တော့တယ် ။

Meeting ရှိတာမို့ ခနနေတော့ Share ရှင်တွေလည်း အလျိုလျိုရောက်လာကြသည် ။ Meeting လုပ်ဖို့ လာတဲ့သူတိုင်း Mask တပ်ရမယ်ဆိုတာ ပထမဦးဆုံး စည်းမျဥ်းပင်ဖြစ်သည် ။ Meeting ခန်းထဲ၀င်မဲ့သူတိုင်း လက်သန့်ဆေးနဲ့ လက်အရင် သန့်စင်ရသေးသည် ။Wang CEO က အဲ့လောက်ထိကို အသန့်ကြိုက်ပါသည် ။

ရှောင်ကျန့်က အတွင်းရေးမှူးမို့ Meeting ခန်းထဲ လိုက်ရသည် ။ လူအတော်စုံနေပြီ ဖြစ်တဲ့ Meeting ခန်းမှာ Share ရှင် တစ်ယောက်ဘဲ မလာသေးတာမို့ စောင့်နေရသေးသည် ။

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️ { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now