Final Episope

3.5K 169 3
                                    

❤️The Clear Man " BOSS " ❤️


🦋Final Episope 🦋       ep(31)


Merried Of Two Years Anniversary Day !!!



2 နှစ်ပြည့်တဲ့ မင်္ဂလာ နှစ်ပတ်လည်နေ့လေးမှာ ဇီဇာကြောင်တဲ့ ကိုကိုလေးက ရှိမနေဘူး ။ အလုပ်ကိစ္စနဲ့ နိုင်ငံခြားကို ခရီးသွားနေတာ တစ်ပတ်တောင် ရှိနေပြီ ။ မောင်အလုပ်များနေတော့ ရှောင်ကျန့် မောင့်ကို ဒီအကြောင်းကို သတိမလုပ်ပေးခဲ့ဘူး ။  ဘာဘဲ ဖြစ်ဖြစ် အလုပ်ကိစ္စဆိုတော့ နာလည်ပေးရမယ် နောက်နှစ်တွေ အများကြီး ကျန်သေးတာမို့ Anni Day တွေ အများကြီး ဖြတ်သန်းဖို့ အခွင့်ရေး ရှိသေးတယ် ။

မောင်ရှိနေတာက ဂျပန်နိုင်ငံ Tokyo မြို့ အချိန်အားဖြင့် တရုတ်နဲ့  1နာရီ ပိုမြန်တယ် ။ ခု သူတို့ဆီမှာ 8 နာရီ ဆိုတော့  9 နာရီ ဖြစ်နေတဲ့  Tokyo မှာ မောင်က လုပ်ငန်းခွင် ၀င်နေလောက်ပြီ  ။ ဒါ့ကြောင့် သူက မောင့်ကို အကြောင်းမကြားတော့ဘဲ သူရဲ့ နေ့စဥ် ဖြတ်သန်းမှု အတိုင်း အိပ်ယာထ ရေမိုးချိုးကာ အ၀တ်စား လဲပြီး အောက်ထပ် ဆင်းလာခဲ့တယ် ။

အားလုံးပြီးစီးတော့ အချိန်က 9 နာရီ ခွဲနေပြီ  ။ သူ့မှာ ကိုယ်ပိုင် Coffee Shop တခုရှိတယ်  1 year Anni တုန်းက လက်ဆောင်အဖြစ် မောင်က ပေးထားတာ ။ ဆိုင်ကိုလည်း သူသိပ်ပြီး မဦးစီး ဖြစ်ပါဘူး မောင်က အဲ့ဒီမှာ ၀န်ထမ်းခန့်ပြီး ဝန်ထမ်းတွေနဲ့ဘဲ   ဦးစီးခိုင်းထားတယ်  ။ အကြောင်းရင်းက သူပင်ပန်းမှာ စိုးလို့ ။ ၀န်ထမ်းတွေကလည်း စိတ်ချရတယ် သူတို့ BOSS စကား တစ်ခွန်းဘဲ  ။

ဒီနေ့တော့ သူလည်း ပျင်းနေတာမို့ ဆိုင်မှာဘဲ အချိန်ကုန်ဖို့ တွေးလိုက်တယ်  ။ သူအိမ်တံခါးပိတ်နေတုန်းမှာဘဲ ခြံရှေ့က ဘဲတီးသံ ကြားလို့ သူလည်း လာကြည့်လိုက်တယ် ။ Deli သမား တယောက် ဖြစ်ပြီး ပို့တဲ့လိပ်စာက ဂျပန်နိုင်ငံကတဲ့ ဒါဆို မောင်ဘဲပေါ့ ။

" လက်မှတ်လေး ထိုးပေးပါအုံး ခင်ဗျ "

" ဟုတ်ကဲ့ "

သူဟာ Deli သမားကို လက်မှတ် ထိုး​ပေးပြီး ပစ္စည်းကို ပိုက်ကာ စိတ်လှုပ်ရှားစွာနဲ့ဘဲ အိမ်ထဲ ၀င်လာခဲ့တယ် ။ သူသိတာပေါ့ ဘယ်လောက်အလုပ်များများ မောင်က သူနဲ့ ပတ်သတ်ရင် မမေ့ဘူးဆိုတာ  ။

You've reached the end of published parts.

⏰ Last updated: Jan 26 ⏰

Add this story to your Library to get notified about new parts!

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️ { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now