ep(24)

1.9K 123 0
                                    

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️








ep( 24)



ရှောင်ကျန့် အိမ်တံခါးဖွင့်ဖွင့်ချင်း ခြံရှေ့ တံခါးမှာ ချိတ်ထားတဲ့ ပန်းစည်း တစ်ခုကြောင့် နှုတ်ခမ်းထော်မိသည် ။ သူ့အမကို ဘယ်ငကြောင်က လာပေးထားတာလဲပေါ့  ။ အိမ်ပြင်ထွက်လာလိုက်ပြီး ထိုပန်းစည်းကို ယူလိုက်တယ်

" လှသားဘဲ  ... အာ  မမက ငါ့ထက်အရင် နိုးလို့ အလုပ်တောင်သွားပြီလေ  မမ မမြင်လို့များလား ဒါမှမဟုတ် မမ ထွက်သွားပြီးမှ လာပေးထားတာများလား "

ပန်းစည်းဘေးမှာ ချိတ်ဆွဲထားတဲ့ ကဒ်ပြားလေးကို ယူကြည့်မိတော့ သူတကယ် အံ့သြသွားတယ် ထိုကဒ်မှာ သူဟာ Shopping mall တခုမှာ စျေး၀ယ်နေတဲ့ ပုံတစ်ပုံပါပြီး ဘေးမှာ သူနာမည်လေး ရေးထားသည် ။ ပြီးတော့ ရှောင်ကျန့်ရဲ့ နှုတ်ခမ်းပါးလေးဟာ မှဲ့နက်လေးရွေ့သွားတဲ့အထိ ပြုံးသွားတယ် ။

မောင်က အဲ့လိုလည်း Ro တတ်တယ်ပေါ့  ။ ပြီးတော့ သူ့လက်ထဲက တုန်ခါလာတဲ့ ဖုန်းလေးကြောင့် မောင်လားဆိုပြီး Contant ကြည့်မိတော့ ဘာမှ မမှတ်ထားတဲ့ ဖုန်းနံပါတ်စိမ်းတစ်ခု

" ဟဲလို  မောင်  "

မောင်က သူ့ကို စချင်လို့ ဖုန်းနံပါတ် နောက်တခုနဲ့ ခေါ်တာလို့ ရှောင်ကျန့် ထင်မိသွားပုံပါဘဲ  ။

" ဒီနာမ်စားက ကျနော့်ကို ခေါ်တယ် ဆိုရင်တော့ ပျော်လိုက်တာဗျာ "

တဖက်က ပြန်ကြားလိုက်ရတဲ့ အသံက မောင်မဟုတ်တာကြောင့် သူ့ရဲ့ မျက်ခုံးတွေက အလိုလို တွန့်ချိုးကုန်တယ် ။

":Hello ပြန်ဖြေပါအုံးဗျာ ကျနော်ပေးတဲ့ ပန်းစည်းကို သဘောကျရဲ့လားဗျ "

" မင်း ဘယ်သူလဲ "

" လောလောဆယ်တော့ ခင်ဗျားလေးကို အရူးမူးချစ်နေတဲ့ လူလို့ဘဲ မှတ်ထားပေးပါဗျာ "

" စောက်ရူး "

ထိုစကားကြောင့် ရှောင်ကျန့်ဟာ စိတ်တိုသွားပုံပါဘဲ ဖုန်းချလိုက်ပြီး ခုနတောင် သူသဘောကျနေတဲ့ ပန်းစည်းလေးကို  အောက်ပစ်ချလိုက်ပြီး အိမ်ထဲပြန်၀င်လာခဲ့တယ် ။ ဒါကို မြင်နေရတဲ့ တစ်စုံတယောက်ကတော့ သူ့နှလုံးသားကို ချနင်းလိုက်သလိုဘဲ နာကျင်လိုက်တာ မင်းလေးရယ်  ။ မင်းက တကယ် ရက်စက်တာဘဲ

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️ { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now