ep(9)

2.2K 135 0
                                    

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️






ep(9)






" မင်္ဂလာပါ ဘယ်သူနဲ့ တွေ့ချင်လို့ပါသလဲ "

ရှောင်ကျန့် အလုပ်ကို ရောက်ရောက်ချင်း ကုမ္မဏီ ရှေ့ခုံတန်းလျားမှာ ထိုင်နေတဲ့ ကောင်မလေးကြောင့် သူကဘဲ အရင်နှုတ်ဆက်လိုက်သည် ။ ဘာလို့လဲဆို သူက ဒီကုမ္မဏီရဲ့ ဝန်ထမ်း ကုမ္မဏီရဲ့ ဘယ်ကိစ္စမဆို သူ့တာ၀န်လို့ မှတ်ယူထားသည် ။

သူမှတ်မိပါသည် ထိုအမျိုးသမီးက ဟိုတနေ့က ချီးထုတ် BOSS နဲ့ ဖက်နေတဲ့ တစ်ယောက်

" မင်္ဂလာပါရှင့်  ကိုကိုနဲ့ တွေ့ချင်လို့ပါ "

ဖော်ရွေပျူငှာစွာ ပြန်နှုတ်ဆက်လာတဲ့ သူမက ချိုသာလွန်းတဲ့ အသံပိုင်ရှင် တစ်ဦးဖြစ်သည် ။ သူမသည် ခဲရောင် ဖဲသား ဂါ၀န်ရှည်လေးကို ၀တ်ဆင်ထားပြီး နီညိုရောင် ဆံပင်ရှည်တွေကိုလည်း ခပ်မြင့်မြင့် စီးထားသည် ။ သေချာတာတော့ သူမက အသိုင်းဝိုင်းကြီးထဲက ဖြစ်မယ်ဆိုတာ ရှောင်ကျန့် ခန့်မှန်းလို့ရသည် ။

" BOSS လား ၀မ်ရိပေါ်လေ "

" ဟုတ်ကဲ့ရှင့် ရောက်ပြီမလား ကားတွေ့တယ် "

" အွန်း ၀င်သွားလိုက်လေ "

" မရဝူး ကိုကို ဆူလိမ့်မယ် သိတယ်မလား ကိုကိုက ဇီဇာကြောင်တဲ့ လူရီး "

သူမစကားကြောင့် ရှောင်ကျန့် ဟက်ကနဲ ရီချမိသည် ဒီအကြောင်းကို လူတိုင်းသိတယ်တဲ့လား ။

" ညမ တကယ်ပြောနေတာ ခု ညမ၀င်သွားလိုက်ရင်လေ ညမပုံစံကို ကြည့်ပြီး ကိုကိုက အမျိူးမျိုး အပြစ်ပြောမှာ ၀န်းထမ်းတွေ ရှိ​ေနရင် ညီမက သက်သက် အရှက်ကွဲနေအုံးမယ် "

" အဲ့လောက် တောင်လား "

"'တကယ် မသိဘူးလား သူက ငယ်ငယ်ထဲက အဲ့တိုင်းနော် "

" ငယ်ငယ်ထဲက သိတာလား ".

" အင်းလေ ညမတိူ့က ..."

တိန် တိန် .....

ရှေ့က အကို ဖုန်းက ထမြည်လာတာမို့ သူမက စကားကိုရပ်ထားလိုက်သည် ။

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️ { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now