ep(28)

1.8K 122 1
                                    

>>>>❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️<<<






ep(28)





2 လခန့် အကြာ ...

ရှောင်ကျန့် အဖိုး ဆုံးပြီးကတည်းက  ရိပေါ်နဲ့ဘဲ လာနေဖြစ်သည်  ။ မမကလည်း ကျောင်းဆရာမ အလုပ်ကို ၀င်လုပ်နေပြီး တစ်ပတ်တခါလောက်မှ သူတို့ အရင် နေခဲ့တဲ့ အိမ်လေးကို ပြန်လာသည် ။ အဲ့ရက်ဆို ရိပေါ်နဲ့ ရှောင်ကျန့်လည်း ထိုအိမ်သွားပြီး စကားလက်စုံ ဆက်မိ ဆက်ရာ ပြောကြသည်  ။ အဲါလိုပြောတိုင်းလည်း ရှောင်ကျန့်လေးက ငိုတတ်လို့ မောင့်မှာလည်း ပြာပြာသလဲ ချော့ရတာ အမောပါဘဲ ။

လကုန်ရင် သူတို့ လက်ထပ်တော့မှာမို့ မောင်က  ဒီနေ့ သူ့ကို အဖိုးရဲ့ အုတ်ဂူဆီ လိုက်ပို့ပေးခဲ့တယ်  ။ ရှောင်ကျန့်ဟာ အဖိုးဆီ မရောက်ခင် ကားပေါ်မှာကတည်းက မျက်ရည်တွေ ကျနေခဲ့တယ် ငယ်ငယ်ထဲက သံယောဇဥ်လေ လွယ်လွယ် ဖျက်လို့ ရပါ့မလားနော်  ။

ငယ်ငယ်ကဆို သူ TV ကြည့်ရင်း ရှေ့မှာ အိပ်ပျော်သွားတိုင်း အဖိုးက အိပ်ခန်းထဲထိ ပွေ့ချီပြီး ပို့ခဲ့ရတာ  ဘောလုံးပွဲကြိုက်တဲ့ အဖိုးနဲ့ အက အစီစဥ်တွေ ကြိုက်တဲ့ ကျနော်နဲအ TV လုကြည့်ခဲ့ရတာ ဒီလိုပါဘဲ တရိပ်ရိပ် ပေါ်လာတဲ့ အမှတ်တရလေးတွေက သူ့ဘ၀မှာ အဖိုးနဲ့ ပတ်သတ်ပြီး မမေ့နိုင်တဲ့ အရာတွေပါဘဲ  ။

" အဖိုး ကျနော် ရောက်လာခဲ့ပြီ   "

အဖြူရောင် အုတ်ဂူလေးပေါ် ပန်းစည်းတင်ရင်း ရှောင်ကျန့် အဖိုးကို နှုတ်ဆက်လိုက်တယ် ထိုနည်းတူ ရိပေါ်လည်း ကိုယ်ကို ကိုင်းညွတ်ကာ အဖိုးကို အရိုသေပေးလိုက်တယ်  ။

" အဖိုး ကျနော်တို့ကို ထားခဲ့တာ 2 လတောင် ရှိပြီနော် ကျနော် သိတယ် အဖိုး ကောင်းရာ မွန်ရာ ရောက်နေမယ်ဆိုတာ  ကျနော့်အဖိုးက လူကောင်းလေ  ကျနော့်ဘ၀ရဲ့ အကောင်းဆုံး လမ်းပြကြယ်  "

အငိုသန်လွန်းတဲ့ ကလေးငယ်ကို ရိပေါ် ပုခုံးကနေ တင်းတင်းဖက်ထားမိတော့ ကလေးငယ်က ငိုရင်း သူ့ကို မော့ကြည့်လာတယ်

" အဖိုးသူ့ကို သိတယ် မဟုတ်လား ၀မ်ရိပေါ်တဲ့ သားနဲ့ လက်ထပ်ဖို့ အဖိုးသဘောတူပေးခဲ့တဲ့သူလေ "

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️ { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now