ep(25)

1.9K 125 0
                                    

❤️ ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️






ep(25)


" အားလုံးဘဲ ဒီ Hotel က ကြိုက်တဲ့ အခန်း ယူသုံးလို့ရတယ်  ပြီးတော့  ဒီကိုလာတဲ့ အဓိက အကြောင်းရင်းက အန်တီသားရဲ့ စေ့စပ်ပွဲ ဖြစ်ပေမဲ့လည်း အားလုံး သက်တောင့် သက်သာ အနားယူလို့ရတယ် အန်တီ ပြောတာ နားလည်လား "

BOSS အမေရဲ့ စကားကို အားလုံး တညီတညွတ် ခေါင်းငြိမ့်လိုက်ပြီး အခန်းသော့ ကိုယ်စီယူကာ ထွက်လာခဲ့ကြသည် ။ BOSS အမေက ဒီတိုင်းကြည့်ရင်သာ အပေါက်ဆိုးတယ် ထင်ရပေမဲ့ လက်တွေ့မှာ အရမ်းစိတ်ထားကောင်းတဲ့ အမျိုးသမီး တစ်ဦးပါ

" သမီးကရော အခန်းသက်သက်ယူမလား Mammy နဲ့ဘဲ လိုက်နေမလား "

"Mammy နဲ့ ဘဲ နေမှာပါရှင့် သမီးရဲ့ Mammy နဲ့ ဖက်မအိပ်ရတာ ကြာနေပြီလေ "

Wang Ella လေးက သူမ Mammy ပုခုံးပေါ် ခေါင်းတင်ရင်း ကလေးတစ်ယောက်လို ချွဲနေသည် ။ ဟုတ်သည်လေ သူမ Mammy နဲ့ ဖက်မအိပ်ရတော့တာ 10 နှစ် အရွယ်ထဲက သူမလည်း မိခင် မေတ္တာ လိုချင်တာပေါ့

"ဟုတ်ပါပြီ ရှင် .... ဒါနဲ့ ဟိုကလေး 2ယောက် မလာသေးပါလား နောက်က ကားပါလာတယ် မဟုတ်ဘူးလား "

"ထားလိုက်ပါ Mammy သူတို့ ရန်ဖြစ်ရင်း ဖြေးဖြေးချင်းလိုက်လာလိမ့်မယ် "

"ဘယ်လို "

"ဟုတ်တယ် Mammy ရဲ့ ကိုကိုက အကိုရှောင်းကို ရန်တအားစတာ "

"သူက အဲ့လို မျက်နှာ ပြောင်တတ်တယ်ပေါ့လေ "

"အဲ့ ထက်တောင်ဆိုးတယ် Mammyရေ "

"အမလေးတော် အမေတွေ ညီမတွေနဲ့ ကျတော့ ခါလိုက်တာ ဆိုတာ ထမင်းအတူ စားဖို့တောင် ခေါ်လို့မရဘူး "

"သူ့ရီးစားအိမ်မှာ နေ့တိုင်း ထမင်းသွားသွားစားတာ Mammy မှ မသိတာ "

Ella လေးကတော့ အချွန်နဲ့ မ နေတာ  Mammy တော့ ဒေါသတွေ ထွက်နေပြီ

"ဒါဆို သားမှာ ဇီဇာကြောင်တဲ့ ရောဂါ မရှိတော့ဘူးပေါ့ "

"မဟုတ်ပါဘူး သူ့ရီးစားကလွဲလို့ အကုန်လုံးကို ရွံတုန်းပါ  "

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️ { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now