ep(18)

2K 135 1
                                    

>>> ❤️ ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️ <<<








ep(18)




"Wow Leo မင်းမျက်နှာ ဒီနေ့ လန်းဆန်းနေပါလား "

အတန်းနားချိန် ဘေးက သူငယ်ချင်းစုတ်ရဲ့ စကားကြောင့် Leo တစ်ယောက် မျက်မှောင်ကျုံ့သွားသည် ။ သူက ပြုံးလို့တောင် မရတော့ဘူးလား ။

" ဘာဖြစ်လို့လဲ "

"'မင်းက မပြုံးစဖူးပြုံးနေလို့လေ ဘာလဲ ငါ့သူငယ်ချင်း ရီးစားရသွားပြီလား"

" အေး မေးစမ်းဟျောင့် အဲ့ကောင်မနက်ထဲက ဘာဖြစ်မှန်းကို မသိဘူး  "

သူ့ကိုအလယ်မှာထားပြီးတရားခံ စစ် စစ်နေတဲ့ မအေဘေး 2ကောင်ကို စောက်မြင် တော်တော် ကပ်နေပါပြီ

" အေး ဟုတ်တယ်ကွာ ငါ တစ်စုံတယောက်ကို ချစ်မိသွားလို့  ဘာသိချင်သေးလဲ "

" ဟမ် တကယ်လား ဒီကျောင်းကလား ဘယ်အတန်းက မိန်းကလေးလဲ ငါ သွားပြောပေးရမလား "

ရေပက်မ၀င်မေးလာတဲ့ သူ့သူငယ်ချင်းက ဘာသိလို့  ဘာတွေ လျှောက်ပြောနေတာလဲ

" သွားစမ်းပါ ဘာတွေ လျှောက်ပြောနေတာလဲ "

" ဒါဆိုဘယ်သူလဲ ပြောလေကွာ ငါ့သူငယ်ချင်းကို Heart ထိအောင် လုပ်နိုင်တာ ဘယ်သူလဲ  ပြော ပြော ပြော "

သူ့လက်မောင်ကို အတင်းလှုပ်ရမ်းပြီး မေးနေတဲ့ ကောင်က သူ့အကြောင်းကို အရမ်းစိတ်၀င်စားနေပုံ

" ငြိမ်ငြိမ့်နေစမ်းပါ ခန့်ရာ ငါသူ့ကို မနက်ကမှ တွေ့ခဲ့တာ Centre မှာ သူက အရမ်းလှတယ် "

စိတ်လို လက်ရပြုံးရင်း ပြောနေတဲ့ Leo ကြောင့် ဘေးက 2ကောင်တောင် ကြောင်ကြည့်နေမိသည် ။ သူတကယ် ကြွေနေတာဘဲ ....

" ဘယ်ကမှန်းမသိဘဲနဲ့များကွာ  မင်းဘယ်လို သူ့ကိုလိုက်မှာလဲ"

" အင်း ငါသူ့ကိုရှာမယ် မင်းတို့လဲ ကူညီရမယ် "

" OK ငါ့သူငယ်ချင်းကို Heart ထိအောင် လုပ်သွားတဲ့ သူကို ငါတို့လဲ ရှာပြီး ကြည့်အုံးမှပါ "

" အင်း သူက ငါမြင်ဖူးသမျှထဲမှာ အလှဆုံးဘဲ "



_____________________________

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️ { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now