ep(11)

2.2K 154 0
                                    

❤️ ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️






ep(11)

ရောင်စုံမီးများ တဖျက်ဖျက် လင်းလက်​ေနသော ညparty ပွဲတခု ။ ထို ပွဲ သည် ရိပေါ် အဖေရဲ့ Birthday party လည်း ဖြစ်သည် ။

လုပ်ငန်းရှင် သူ​ေဋ္ဌးမို့ တွဲဖက်လုပ်ကိုင်နေသူ လုပ်ငန်းရှင်များအပြင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေပါ လုပ်ကိုင်တဲ့အတွက် နိုင်ငံခြားသားတွေလည်း တက်ရောက်ကြသည် ။

" BOSS ဖြစ်ပါ့မလား လူတွေက အားရီးဘဲ "

ကားပေါ်က ဆင်းတဲ့ဆို BOSS အိင်္ကျီစကို ခပ်တင်းတင်းဆွဲကိုင်လာတဲ့ ရှောင်ကျန့်က ခြံထဲက လူတွေကို မြင်ပြီး ကြောက်နေသည် ထင်တယ်။

" ဘာဖြစ်လို့လဲ "

" အော် ကျနော့်ကို မဖိတ်ထားဘူးလေ အဲ့တာကြောင့် ကျနော် အပြင်မှာဘဲ စောင့်နေခဲ့မယ်လေနော် "

" မလိုဘူး ဒါ ဘယ်သူ့အဖေလဲ "

" ဗျာ BOSS ပြောတာ BOSS ဖေဖေဆို "

" မင်းကရော ဘယ်သူလဲ "

" ဟမ် "

BOSS က သူ့ကို ခေါ်လာပြီးမှ အတိတ်မေ့သွားတာများလား

" ကျ ကျနော် ရှောင်ကျန့်လေ BOSS  , BOSS ရဲ့ အတွင်းရေးမှူးလေ မှတ်မိပြီလား "

"'အေး မင်းက ငါ့အတွင်းရေးမှူး ဒါက ငါ့အဖေ ဒါ့ကြောင့် ဘယ်သူ့မှ ကြောက်စရာ မလိုဘူး နားလည်လား "

" ဗျာ  ဟုတ် ဟုတ်ကဲ့ "

"ကားထဲက လက်သန့်ဆေးဘူး ယူခဲ့ပေးအုံး "

" လက်အိတ်၀တ်ထားတယ်လေ BOSS  ... O  OK ... ယူခဲ့မယ်နော် "

BOSSက သူ့ကို စိုက်ကြည့်လိုက်တာမို့ ကားထဲအမြဲပြေး၀င်ကာ လက်သန့်ဆေး ဆိုတာကြီးကို ယူပေးရသေးသည် ။ လူက ရင်တုန်နေပါတယ်ဆို အရမ်းရမ်း စိုက်မကြည့်ပါနဲ့ BOSS

________________________

" ကိုကို့ ! "

'' ဟိုးထား ညီမလေး အဲ့မှာ ရပ်နေလိုက် "

Ella ဆိုသည်မှာ လူကို မြင်တဲ့ဆို ဖက်မယ် ဆိုတာချည်းဘဲ ။ ရိပေါ် တားလိုက်တာမို့ ပြေးလာတဲ့ Ella ခြေလှမ်းတွေ လမ်းတစ်၀က်မှာ ရပ်တန့်သွားရသည် ။

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️ { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now