ep(17)

2.1K 146 1
                                    

>>>❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️<<<





ep(17)

အချန်အားဖြင့် ည 8နာရီ 40 ...


စားမင်းစားဝိုင်းမှာ ထိုင်နေတဲ့ လူ 4ယောက်ဟာ တိတ်ဆိတ်နေလေရဲ့ ။ ခုချိန်ထိ Mask မချွတ်သေးတဲ့ တစ်ယောက်က ဘာများဖြစ်လို့ပါလဲ

ခရင်းဇွန်းကို ပါးစပ်နဲ့ ကိုက်ထားတဲ့ ရှောင်ကျန့်က ရိပေါ်ကို ကြည့်နေလို့  Mask တပ်ထားတဲ့ မျက်၀န်းတစ်စုံကလည်း သူ့ကို ကြည့်နေတယ် ။ ထို့အတူ ကျန်လူနှစ်ဦးမှာလည်း ဘာများ ဖြစ်နေကြလဲ ဆိုပြီး ငြိမ်နေတယ်

" အဟမ်း ကျန့်ကျန့် ဧည့်သည်ကို ဟင်းထည့်ပေးလိုက်လေ "

တိတ်ဆိတ်မှုကို အဖိုးက ဖြိုခွင်းပြီး  Mask တပ်ထားတဲ့ ကောင်လေးရဲ့ ပန်းကန်ထဲကို ဟင်းတစ်တုံး အရင် ခပ်ထည့်ပေးလိုက်တယ်

" ကျေးဇူးတင်ပါတယ်ဗျ "

ရိပေါ်တယောက် အဖိုးကို ကျေးဇူးတင်ပြီး ရှောင်ကျန့်ကို ကြည့်နေပြန်တယ်

"ဘာဖြစ်နေတာလဲ စားလေ "

သူ့ကိုဘဲ ကြည့်နေတဲ့ BOSS ကြောင့် မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ရှောင်ကျန့်က ဟန်အမူရာနဲ့ ထမင်းစားဖို့ ပြောလိုက်တော့ ရိပေါ်က ခေါင်းငြိမ့်ပြကာ Mask ကို ချွတ်လိုက်တယ် ။ ရိပေါ် ထမင်းဇွန်းကိုင်​ေတာ့မှ အားလုံးထမင်းစ စားကြတယ်

ရိပေါ်ပန်းကန်ထဲကိုလည်း အားလုံးက ဟင်းတွေထည့်ပေးနေတာမို့  ပန်းကန်ထဲမှာ ထမင်းတောင်မမြင်ရတော့ပေ

" ထည့်စားနော် ကောင်လေး အဖိုးတို့ကို အားမနာ နဲ့ "

ဖော်ရွေလွန်းတဲ့ ရှောင်ကျန့်မိသားစုမှာ ရိပေါ်နေရမခက်ပေ ။ တစ်ခုဘဲ သူခု ထမင်းစားဖို့ကို လက်တွန့်နေတာက သူက သူများအိမ်မှာ တခါမှ အဲ့လိုမစားဖူးဘူး ။ ဟိုတခါ ဒီအိမ်လာတုန်းက ရှောင်ကျန့် ချက်ကျွေးတာမို့ စားလိုက်တာ ခုက ခုက သူ့အမ ချက်တာမလား

အဖိုးကို ပြုံးပြပြီး ရိပေါ် သူ့ပါးစပ်ထဲကို ထမင်းတစ်လုတ်ထည့်လိုက်သည်  ။ အင်း အရသာ ရှိသားဘဲ အချစ်က သူ့အမဆီက ကောင်းကောင်းသင်ယူခဲ့တာဘဲ လက်ယာတူတယ် ။ ဒါမဲ့ သူ့အချစ် ချက်ကျွေးတာက ပိုကောင်းတယ် ။

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️ { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now