ep(16)

2.2K 146 1
                                    

>>>❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️ <<<





ep(16)


" အချစ်ကလေး "

" ဖယ်ပေး အလုပ်လုပ်တော့မလို့ "

ခုန ယောကျ်ားလို့ ခေါ်တာ သူမဟုတ်တဲ့ အတိုင်း အပြောင်းလဲ မြန်ချက်က ပုတ်သင်ညို အတိုင်းဘဲ

ခုန အမလင်းကို နိုင်ချင်တာနဲ့ ပြောချင်တာ ပြောမိလိုက်တာ ခု ရှက်လို့ သေတော့မယ် ။ ဒီနားကနေ အငွေ့တောင် ပျံသွားချင်ပြီ ။ အရေးထဲ ချီးထုတ်BOSS က အချစ်လေး လာခေါ်နေလို့ ကိုင်ထားတဲ့ တဘတ်နဲ့ ပစ်ပေါက်ပြီး သူ့အလုပ်စားပွဲမှာ လာထိုင်ကာ မရှိတဲ့ အလုပ်ကို လုပ်ဖို့ ရှာနေသည် ။

ခုချိန်ထိ အိင်္ကျီမ၀တ်ရသေးတဲ့ BOSS က သူ့ရှေ့ စားပွဲမှာ လက်နှစ်ဖက် လာထောက်ကာ လူကို ကြည့်နေတာမို့ ရှောင်ကျန့်တစ်ယောက် အတတ်နိုင်ဆုံး မျက်နှာ လွှဲထားရသည် ။

" အိင်္ကျီ သွား သွား၀တ်လေ BOSS "

အရေးကြီးတာက BOSS သူ့ရှေ့က ထွက်သွားပေးဖို့ဘဲ အဲ့လို အရမ်းရမ်း စိုက်မကြည့်ပါနဲ့ ငါရှက်တယ် ။

" မ၀တ်ဘူး "

ဘာဖြစ်နေတာလဲ BOSS က ခုန သူ့ကိုယောကျ်ားလို့ ခေါ်လိုက်လို့ မကြိုက်တာများလား ဒါမှမဟုတ် ခုန  .. ခုန သူ့ဟာ ကိုင်မိလိုက်လို့ စိတ်ဆိုးသွားတာများလား

" ဟို တောင်းပန်ပါတယ် မတော်တဆ မှား ကိုင် မိတာပါ ဟို တမင် မရည်ရွယ် ပါဘူး "

ခု သူက ဘာပြောလို့ ရှောင်ကျန့်က ဘာတွေ လျှောက်ထင်နေတာလဲ

" အဖြေပေးတော့လေ "

" ဟမ် "

"'ခုန ယောကျ်ားလို့ ခေါ်လိုက်ပြီ အဲ့ဒီနာမ်စားတွက် တာ၀န်ယူရမယ် အဖြေပေးတော့ "

ဒါက 2023 ရဲ့ အဖြေတောင်းနည်း အသစ်လား အိင်္ကျီချွတ်နဲ့ မြူဆွယ်ပြီး အဖြေတောင်းနေသည်လေ ။

" အတာ   အတာက ... ဟို အမလင်းကို အမြင်ကပ်လို့ "

" ဘာဖြစ်လို့ သူမကို အမြင်ကပ်တာလဲ "

" ဒီတိုင်း   ဒီတိုင်း ကြည့်မရလို့ "

" ကိုယ့်ဆီလာလို့ သ၀န်တိုပြီး ကြည့်မရတာ မဟုတ်ဘူးလား "

❤️ဇီဇာကြောင်တဲ့ သူ​ေဋ္ဌးသား ❤️ { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now