{Unicode}... မုဒယ စကား၀ါ...
ဟုတ်တယ်...
ဒီပန်းလေးက...
ကျုပ် အာရုံတွေကို တစ်စုတစ်စည်းတည်း...
ဖမ်းစားတာမျိုး။***
ယခင်အပိုင်းမှ အဆက်...
"ငါတို့တော့ ပြဿနာတက်ပြီ ထင်တယ်..."
Driver ဦးလေးကြီး နူတ်မှ ရေရွတ်သံ ကြားရချိန်မှာတော့ ကျွန်တော်ပိုပြီး ကြောက်ရွံ့မိသည်။ ကားနောက်မှ ကပ်လျက် လိုက်ပါလာသည့် သူက တစိုက်မတ်မတ် ရှိနေတာမို့ ပိုပြီး ကြောက်မိသည်။
"ဦးလေး...
အန္တရာယ် ရှိနိုင်လားဟင်?""အင်း မရှိတော့မရှိနိုင်ဘူး...။ ဒီရက်ပိုင်းက ဒီဘက်မှာ အရှုပ်အထွေး နည်းနည်း ရှိတယ်...။ ဒီအတိုင်း ပါတဲ့ပစ္စည်းလေး နည်းနည်း စစ်ရုံနေမှာပါ..."
"ဟုတ်ကဲ့... ဦးလေး တစ်ခုခုဆို မုဒယကို ဒီမှာမထားခဲ့ပါနဲ့နော်။ မုဒယ ကြောက်လို့ မမဆီ ခဏ ဖုန်းဆက်ရမလား?"
"မဆက်နဲ့... မဆက်နဲ့...
ဆက်မှ သံသယ ၀င်သွားမယ်။ ဒီအတိုင်း နေပါ ကိစ္စမရှိပါဘူး။""ခေါင်းဆောင်က ဆိုးလားဟင်?"
"ရှူး!
ဟိုမှာ လာနေပြီ... အရမ်းမကြောက်နဲ့... ဒီအတိုင်းသာ နေပါ။"ထို့နောက် ခြေသံမှန်မှန်နှင့်အတူ ကားအနားသို့ လျှောက်လာသည့် သူ။ ရှည်လျားစွာသော အရပ်၊အောက်ဘက်မှ အပေါ်မှ Hoodie အနက်၌ မည်သည့်စာတန်းမှ မပါ။ အောက်ဘက်၌ tracksuit ဘောင်းဘီအပွဖြင့်ပင်။ ထိုဘောင်းဘီ၌ အသားတံဆိပ်တစ်ခုကတော့ နိုင်ငံခြား တံဆိပ်ဖြစ်ဟန်ရှိသည်။ ခြေထောက်၌ ကွင်းထိုး flip flopဖြင့်ပင်...။
အချိန်မှာတော့ ခေါင်းဆောင်ဆိုသည့် သူက မျက်ခုံးအနည်းငယ် တွန့်ကျိုးကာ ကျွန်တော် ရှိနေသည့် နောက်ဖက်မှ တံခါးသို့....။ ကားပြတင်းမှန် ချထားသည်မို့ ခေါင်းဆောင် ကျွန်တော့်ဆီ လျှောက်လာသည်က အထင်းသား...။ အခုချိန်မှာ ကျွန်တော် ဘယ်လိုနေသင့်သလဲ မသိတော့....။
ခေါင်းဆောင်ကတော့ ကားပြတင်းမှန်ချထားရာမှ ကျွန်တော့်ကို ကြည့်ဖို့ သူ့ခါးကို ညွှတ်ကိုင်းလာသည်။ ကားပြတင်းဘောင်ပေါ် သူ့လက်နှစ်ဖက်ကို တင်ကာ ကျွန်တော့်ကို ကြည့်လာသည်...။ မျက်တောင်နက်နက်များဖြင့် ၀န်းရံထားသည့် မျက်၀န်းက Russetက တောက်၍... နှာတံစင်းစင်း ၊ မေးရိုးထင်းထင်း ၊ မျက်ခုံးတန်းတန်းဖြင့် western ဘက်သွားသည့် ခေါင်းဆောင်က သူ့မေးရိုးမှာ ဒဏ်ရာတစ်ခု ရှိတာကိုပင် ဆွဲဆောင်မှု ရှိနေတုန်းပင်....။