အပိုင်း (၇)

7.4K 590 29
                                    

...ငါ့မယား...ဆိုတာ...။

***

တစ်ပတ်လွန်မြောက်လေသော်...

အ.ထ.က (ကလေးမြို့)

"ပေးပါ... ထမင်းဗူးကို... ငါ ကိုင်လာခဲ့မယ်..."

"မလိုပါဘူး... "

"ကဲပါ... စကား၀ါရယ်...။ ဒါက ငါ ကိုင်ပေးချင်လို့ပါ...။ ဘယ်လိုဖြစ်လို့ တွန့်တိုနေတာလဲ? မင်း ထမင်းဗူးကို ငါ စားပစ်မှာ ကြောက်လို့လား?"

"......."

ထိုအချိန်မှာတော့ မျက်စောင်းလေးထိုးကာ ဘာစကားမှ ဆိုမလာသည့် သူ...။
မုဒယစကား၀ါဆိုတာ လည်ပင်း ဂုတ်ပိုးထက်က တောင်ဇလပ်နီပန်းပုံစံ tattooလေးဖြင့်ပင် အလှပဆုံးအဖြစ် ရွေးချယ်ခံထားရသည့် သူပင်။

အမြဲတမ်း သပ်သပ်ရပ်ရပ်လေးဖြင့် ရှိနေပြီး ရုပ်လေးကလည်း ချောပြီး ချစ်စရာကောင်းတာထက် သာလွန်နေသည်။ ပြီးတော့ အနေအေးသလိုဖြင့် ကျွန်တော့်ကို ရန်လုပ်၍ မဆုံးတော့...။

"ကဲ... လာပါ ... ဒီအတိုင်း ခုန်ဆင်းမနေနဲ့...။ ငါ့လက်ကိုသာ ဆွဲပြီး ဆင်းလိုက်..."

သူက ကျောင်းကားပေါ်မှ ဦးစွာဆင်းပြီး ကျွန်တော့်ကို အောက်ဘက်မှ လက်ပေးလာတာမို့ ဒီအတိုင်း ဘာမှမပြောဘဲ သူ့လက်ကိုသာ ကိုင်ပြီး ဆင်းလိုက်မိသည်...။

ဒီရက်ပိုင်း ကျွန်တော်လည်း ပိုက်ဆံချွေတာချင်တာမို့ ကျောင်းကားနှင့်အတူ ကျောင်းသွားဖို့ ပြင်ဆင်မိတော့သည်။ ဒီရက်ပိုင်း ကျွန်တော့်ဆီ ခေါင်းဆောင်က လာမတွေ့တာ နည်းနည်း ကြာပြီမို့...။

အ​ေ၀းက မြင်ကွင်းက လှနေပေမယ့် ခေါင်းဆောင်ကတော့ တည်ငြိမ်အေးချမ်းစွာ ရှိနေသည်။ ခေါင်းဆောင် ယခုလို အေးအေးဆေးဆေး ဖြစ်နေလေ ကျွန်တော် ပိုပြီး ကြောက်ရလေ ဖြစ်သည်။

"ဖိုးစောမြတ်... ဒီတစ်ပတ် မင်းကို စောင့်ကြည့်ခိုင်းထားတာ ဘယ်လိုဖြစ်သွားတာလဲ?"

ထင်သည့်အတိုင်း မေးမြန်းလာချိန်မှတော့ ကျုပ်လည်း အဖြေတစ်ခုခုကို အသည်းအသန် စဥ်းစားနေမိသည်။ ဟုတ်သည် လွန်ခဲ့သော တစ်ပတ်က ဆူရ်ဘုန် လေဆိပ်မှာ နိုင်ငံခြားက သူ့ဧည့်သည်များနှင့် တွေ့ဆုံပြီး ဟိုကို အလုပ်ကိစ္စရှိလို့ဆိုပြီး တစ်ခါတည်း လိုက်သွားတာပင်။ အခုတော့ ပြန်ရောက်ရောက်ချင်း လေဆိပ်ကနေ ဒီကို ချက်ချင်း လာကြည့်ရင်းမှ ဒီမြင်ကွင်းမျိုးက သူ့အတွက် ကန့်လန့်မျက်စိနောက်စရာ ဖြစ်နေသည်။

D's ®- My SENORITA (Ongoing)Where stories live. Discover now