အပိုင်း (၁၉)

4.4K 251 14
                                    


{Unicode}

... My mine is my mine
Therefore, don't look,touch,wink,wave,stare,flirt, compliment,hold, anythings.
That's my privacy job.

crd

****

ယခင်အပိုင်းမှ အဆက်...

အဲ့ဒီနေ့က အဲ့ဒီHotelမှာပင် ကျွန်တော် အိပ်ခဲ့ရသည်... ။ ခေါင်းဆောင်က ဘယ်အရာကို စိတ်တိုနေလဲ ကျွန်တော်လည်း မသိတော့....။ ခေါင်းဆောင် ကြည့်ရတာ အတော်လေးကို တစ်ခုခုကို စိတ်တိုနေဟန်ဖြင့်....။

ကျွန်တော်လည်း ခေါင်းဆောင်ကို ကြည့်ရင်း ကြည့်ရင်း အသက်တောင် ဆူလို့မဝတော့သည့်အထိ ကြောက်လာမိသည်...။

ခေါင်းဆောင်က မကြာမီပင် သူ့ကိုယ်ပေါ် အပေါ်ပိုင်းမှ အဝတ်အစားများကို ချွတ်လာလေပြီ...။

ခေါင်းဆောင် ဘေးနားက စားပွဲပေါ်မှာတော့ pistol gun တစ်လက် ၊ Malboro ဆေးလိပ်တစ်ဗူး ၊ မီးခြစ်၊ Wallet ၊ Black card ၊ ကားသော့ ၊ ထို့နောက် mentholပါသည့် ချိုချဥ်...၊ Condom..။ ထိုအရာများက ပြန့်ကျဲနေသည်....။

ခဏအကြာမှာတော့ သူ့နံဘေးက စားပွဲပေါ်မှ ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ နူတ်ခမ်းမှာ တေ့ကာ မီးခြစ်ကို ခြစ်ပြီး မီးညှိလိုက်လေပြီ...။

ထိုတစ်ခဏမှာပင် ဆေးလိပ်အငွေ့များက တစ်ခန်းထဲ လူးလူးလွန့်လွန့် ဖြစ်ကာ လှုပ်ရှားလာသည်....။

"မင်းကို ဘယ်သူက အပြင်ထွက်ခိုင်းလို့လဲ? ဘာလဲ မင်းက ဟိုဘက်ကို ပြန်ရောက်သွားချင်လို့လား?"

(မဟုတ်ဘူး... မရောက်ချင်ဘူး...)

ခေါင်းကို ဘယ်ညာခါရမ်းပစ်လိုက်မိသည်..။ ခေါင်းဆောင်ဆီမှာ ဘယ်လောက်ပင်ပန်း ပင်ပန်း အဲ့ဒီနေရာကို ပြန်ရွေးချယ်ရလောက်တဲ့အထိ ကျွန်တော် မတုံးအ သေးဘူး...။ ပြီးတော့ ခေါင်းဆောင်က မုဒယ အမြဲတမ်း လိုက်ရှာနေခဲ့တဲ့သူပင်....။

ကျွန်တော်က ခေါင်းကို ခါရမ်းပြီး မျက်ရည်များစွာ ကျမိတော့... ခေါင်းဆောင်က မုဒယကို တစ်ချက်ကြည့်လာသည်....။

"မျက်ရည် မကျနဲ့... ငါ မျက်ရည်ကျတာကို မကြိုက်ဘူး...။ ခု ချက်ချင်း တစ်စက်မှ ကျမလာနဲ့!"

ချက်ချင်းဆိုသလို သေနတ်ဖြင့် ချိန်ရွယ်ကာ ပြောလာသည့် နောက်မှာတော့ ကျွန်တော်လည်း အသံမထွက်နိုင်တော့....။

D's ®- My SENORITA (Ongoing)Where stories live. Discover now