Christmas Special

2.8K 165 4
                                    

... Dark Hair...
Whiskey Eyes...

***

New York City

Dark light hotel...

New York မြို့ကြီးရဲ့ Decemberလ ဆောင်းညအောက်မှာတော့ Christmas ပွဲတော်အတွက် လူစည်ကား သိုက်ဝန်းစွာ ရှိနေသည်....။

Jingle bell ဆိုသည့် သီချင်းသံများနှင့်အတူ လမ်းမတိုင်း အိမ်တိုင်းလိုလိုမှာ Christmas အဆင်တန်ဆာများဖြင့် ရှိနေသည်...။ မိမိမှာတော့ Hotel VIP room ထဲ တစ်ယောက်တည်း မီးမှောင်ချကာ သဘာဝ အလင်းရောင်ဖြင့်သာ ရှိနေမိသည်....။


စားပွဲပေါ်ရှိ whiskeyတစ်ခွက်ပြီး တစ်ခွက် သောက်ကာရှိနေသည်...။ Cigarittesတစ်လိပ်ပြီး တစ်လိပ် ဖွာရှိုက်နေမိသည်...။ ရှုရှိုက်ထားသည့် အရာအားလုံးကြောင့် လူက မူးယစ် ရီဝေမှုဖြင့် ရှိနေမိသည်....။

Ting!

မျက်စိတစ်စောင် ရောက်လာသည့် အချိန်မှာတော့ မိမိလည်း စားပွဲပေါ်မှ ဖုန်းကို ယူကာ ကြည့်လိုက်မိသည်....။


Google map တစ်ခုနှင့်အတူ Emergency! စာတန်းနှင့် Msg တစ်စောင် ဝင်လာသည့် အချိန်မှာတော့ မိမိလည်း နံဘေးမှ အကျီ်တစ်ထည်ကို ယူကာ ထွက်လာမိတော့သည်....။

မိနစ်အနည်းငယ် အကြာ...


ဖုန်းက google mapတစ်ခုရဲ့ နေရာအတိအကျ ရပ်တန့်သွားသည့် နောက်မှာတော့ ကားပေါ်မှ ဆင်းလိုက်မိသည်...။


ထို့နောက် သူတို့ ပို့ထားသည့် ဂိုထောင်တစ်ခုထဲကို ဝင်လာမိသည်...။ ထိုဂိုထောင်အတွင်းမှာတော့ ဝါကျင်ကျင် မီးရောင်လေးနှင့်အတူ ရှိနေမိသည်...။


ထိုထဲမှ ကြိုဆိုသည့် အရာအားလုံးက တစ်ယောက်ပြီး တစ်ယောက် တိုးဝင်လာသည်...။ထိုတိုးဝင်လာသည့် တစ်ယောက်ပြီး တစ်ယောက်ကို အလဲအကွဲ သတ်ပုတ်ထိုးကြိတ်နေသည့် အဆုံးမှာတော့...


လူဆယ်ယောက်လောက်အထိ ဝိုင်းလာသည့် အချိန်မှာတော့ အနည်းငယ် ထိခိုက်ပွန်းပဲ့မှုများဖြင့်...။ နာကျင်မှု၊ မူးယစ်ရီဝေမှုနှင့်အတူ သွေးသံတရဲရဲအကြားက ပူလောင်ကာ ရှိနေမိသည်....။

မိနစ်အနည်းငယ် အကြာမှာတော့ နောက်ဆုံးဆိုသည့် လူတစ်ယောက်ရဲ့ မျက်နှာကို တစ်ချက်ကြည့်ပြီး ခေါင်းကို လွှဲလိုက်မိသည်....။ သွေးသံတစ်ရဲရဲ နာကျင်မှုနှင့်အတူ လယ်ထွက် လဲကျသွားသည့် ထိုအတူ အောက်သို့ ဝမ်းလျားထိုး မှောက်ကျပြီး နောက်ဆုံးအချိန်ကို နိဂုံးချုပ်သွားလေပြီ....။

D's ®- My SENORITA (Ongoing)Where stories live. Discover now