အပိုင်း (၉)

8.9K 592 54
                                    

{Unicode}

..From now on...
You'll have to survive by sucking my...

***

ယခင်အပိုင်းမှ အဆက်...

"ခေါင်းဆောင်..."

တိုးလျစွာဖြင့်ပင် ထွက်လာမိတော့သည်။ ခေါင်းဆောင်ကတော့ တစ်နာရီနည်းပါး ရေတံခွန်၊ တော၊ စိမ့်မြောင်းတို့ကို ဖြတ်လျက်... တစ်နေရာသို့...။

ဆည်းဆာနေရောင်က တဖြည်းဖြည်းပျောက်ပြီး ညအလင်းရောင် ကြယ်ရောင် ရောက်လာချိန်မှာတော့... ချမ်းအေးမှုနှင့်အတူ ကျွန်တော် ဆက်ပြီး မရုန်းချင်တော့...။ အခုချိန်ဆို ဘွား ဘယ်လိုနေသလဲ မသိတော့...။ ထို့အတူ ခေါင်းဆောင်ရဲ့ သိမ်းပိုက်မှုတွေထဲ ကျွန်တော့်ရဲ့ အနာဂတ်က ဘယ်လိုရှိမလဲ မသိတော့...။

ကျွန်တော်တို့ တစ်နာရီကြာ ကျွန်တော့်ကို ချီပွေ့ပြီး ခေါ်လာသည့် ခေါင်းဆောင်က တစ်နေရာအရောက်မှာတော့ သူ့ပုခုံးပေါ်မှ ကျွန်တော့်ကို အောက်သို့ ချပေးလေသည်။ ကျွန်တော်လည်း သူ့လက်က လွတ်သွားပေမယ့် ချက်ချင်းပြန်ထွက်ဖို့ လမ်းကို ကြည့်မိတော့ အမှန်တကယ် မမှတ်မိ။ ပြီးတော့ ဒီအခြေအနေ ဒီရာသီဥတုဖြင့် တောကြီးမျက်မဲထဲ တစ်ယောက်တည်း လျှောက်သွားနေရင် ပိုဆိုးမည် ဖြစ်သည်။

"ထွက်မပြေးတော့နဲ့... ဒီဘက်မှာ တောကောင်တွေ ရှိတယ်..."

ထိုစကားအဆုံးမှာတော့ အမှန်တကယ်ပင် တောကောင်တစ်ချို့၏ ဟိန်းဟောက်သံများကို ကြားရသည်။ သူကတော့ တောထဲက တစ်နေရာကို ကြည့်ပြီးသည်နှင့် သူ ကြိုတင်ပြင်ဆင်ထားဟန် ရှိသည့် ရွက်ဖျင်တဲ တစ်ခုကို တွေ့ရသည်။

သူက ထိုအထဲသို့ ကျွန်တော့်ကို ခေါ်သွားသည်။ ရွက်ဖျင်တဲက လူအမြဲတမ်း နေသည့် အနေအထားရှိနေသည်မို့... ကျွန်တော်လည်း သူ့ကို ကြည့်လိုက်မိတော့...

"ဟုတ်တယ်... ကိုယ် တောထဲ ကင်းပတ်တဲ့ အခါတိုင်း ဒီမှာ အိပ်ဖြစ်တယ်..."

သူက ရွက်ဖျင်တဲထဲသို့ ကျွန်တော့်ကို ခေါ်ဆောင်လာပြီးသည်နှင့် ဘယ်အချိန်ကမှန်း မသိ... ယူလာသည့် ကျွန်တော့်ရဲ့ ကျောင်းလွယ်အိတ်...။ ထိုလွယ်အိတ်ကို ကျွန်တော့်နံဘေးသို့ ချပေးလာသည်။

D's ®- My SENORITA (Ongoing)Where stories live. Discover now