အပိုင်း (၁၃)

4.6K 319 24
                                    

{Unicode}

... မဆုံသော လမ်း...

***

၁၅နှစ်သားလေးကို ပို့ပြီးသည့် နောက်မှာတော့ ခေါင်းဆောင်ကို အနားပေးထားမိသည်... ။ ဒီရက်ပိုင်း ခံစားချက်တို့ စီးပိုးနေလို့လား မသိ... ခေါင်းဆောင် မအိပ်တာ ရက်များနေပြီ ဖြစ်သည်...။

ဒါကြောင့်မို့ မုဒယတို့အိမ်က ထွက်လာပြီးသည့် အပြန်လမ်းမှာတော့ ခေါင်းဆောင်က ကူရှင်ကို မှေးမှီကာ အိပ်ပျော်နေသည်...။ အသက်ရှုသံက ဖြည်းညှင်းနေပေမယ့် တကယ်ပင် အိပ်နေရဲ့လား သေချာမသိ....။

ခေါင်းဆောင်ကို ကြည့်ကာ ရှေ့ကိုလည်း အာရုံစိုက်ကာ မောင်းနှင်နေမိသည်... ။ ကျွန်တော်တို့ ကလေးမြို့က အပြန်မှာတော့ သိပ်ပြီး ကိစ္စမရှိပေမယ့် တဖြည်းဖြည်းနဲ့ ချင်းတောင်ဘက်ကို ရောက်ချိန်လာချိန်မှာ ပတ်ဝန်းကျင်က ထူးဆန်းစွာ တိတ်ဆိတ်နေသည်.....။

ချက်ချင်း မူမမှန်မှုကို သတိထားမိပြီး မျက်စိ ၊ နားကို စွင့်ထားလိုက်မိသည်....။ နံဘေးနှစ်ဖက်မှ သစ်ပင်များနှင့်အတူ တောင်နံရံတို့...။ လက်တစ်ဖက်မှ ကားကို မောင်းကာ ခါးကြားက သေနတ်ကို ပြင်ထားလိုက်မိသည်...။

နောက်အခန်းမှ ခေါင်းဆောင်ကို ကြည့်လိုက်မိတော့ ခေါင်းဆောင်က ဒီအတိုင်း ငြိမ်သက်စွာ ရှိချိန်မှာတော့....

"ခေါင်းဆောင်..."

လေသံနှင့်အတူ ခပ်ဖွဖွ ခေါ်လိုက်မိသည်....။ ထိုအချိန်မှာတော့ ခေါင်းဆောင်က နိုးနှင့်နေပြီး ကားထဲမှ မီးအလင်းရောင်ကို မှိတ်ဖို့ လက်ညှိုးဖြင့် အောက်သို့ စိုက်ချကာ အချက်ပြသည်....။

ထိုအချိန်မှာတော့ ကျွန်တော်လည်း ကားအတွင်းမီးကို ပိတ်ထားလိုက်ပြီး သတိကြီးကြီး ထားလိုက်မိသည်....။

ခေါင်းဆောင်နှင့် ကျွန်တော် ပိန်းပိတ်စွာ မှောင်နေသည့် နံဘေးနှစ်ဖက်ကို သတိထားနေမိသည်...။ ကားကို ပုံမှန် မောင်းနှင်နေမိပြီး လက်တစ်ဖက်က အိတ်ကပ်ထဲမှ သေနတ်ပေါ်သို့ လက်ဖြင့် ကိုင်ထားမိသည်....။

ထိုအချိန်မှာပင် ရှေ့ကားမှန်သို့ ရုတ်တရက် ဖောက်ထွက်လာသည်...။ နှစ်ယောက်လုံး သတိထားကာ ခေါင်းကို တိမ်းရှောင်လိုက်တာကြောင့် အဆင်ပြေသွားလေပြီ....။

D's ®- My SENORITA (Ongoing)Where stories live. Discover now