အပိုင်း (၂၆)

2.6K 249 38
                                    

{Unicode}

... ပြေးနိုင်သလောက် ပြေးပါလေ...
ဒါပေမယ့် ခလုတ်ကန်သင်းတွေတော့
ရှောင်ပါဦး ကလေးလေးရေ...

***

ရက်အနည်းငယ် ကြာသောအခါ...

ကုတင်ပေါ်မှာ လဲလျောင်းနေခဲ့သည့် ခေါင်းဆောင်က ပြန်လည် သတိရခဲ့သည်...။ အခုတစ်ခါမှာတော့ ခေါင်းဆောင်ရဲ့ အခြေအနေက သူ့ရဲ့ အတိတ်တစ်ချို့တောင် သတိပြန်ရသွားသလိုပါပဲ...။

"မုဒယရော... Lamor"

ထိုအချိန်မှာတော့ ကျွန်တော်လည်း အိတ်ကပ်ထဲမှ အရာတစ်ခုကို ခေါင်းဆောင်ဆီသို့ ကမ်းပေးလိုက်မိသည်...။

"သူ ဒီမှာ မရှိတော့ပါဘူး ခေါင်းဆောင်..."

"ဘာ!"

"ဟုတ်တယ်... သူ မြန်မာပြည်ကို ပြန်သွားပါပြီ...။"

"ဘာ! မဖြစ်နိုင်တာ... ဒါဆို Visa ကိစ္စတွေက -"

"ကျွန်တော်ပဲ လုပ်ပေးလိုက်တာပါ ... Sir"

"မင်း... မင်း ဘာလို့ မတားလိုက်တာလဲ Lamor.... အဲ့ဒီတစ်ယောက်က ငါ့ရဲ့ အတိတ်တွေရော အနာဂတ်တွေရောမှာ အရမ်းအရေးပါခဲ့တဲ့သူ...။ ငါ အဲ့ဒါတွေကို သတိမရခဲ့ဘဲ သူ့အပေါ်ကို အကုန်ကျူးလွန်ခဲ့မိတာ...။ သူ ဘယ်လောက်တောင်... ငါ့ကို မုန်းနေမလဲ မသိတော့ဘူး...။ မင်း... မင်း ဘာလို့ သူ့ကို ပြန်လွှတ်လိုက်တာလဲ?"

Sirရဲ့ ပြစ်တင်လိုသည့် အကြည့်နောက်မှာတော့ ကျွန်တော်လည်း နောက်ထပ် အိတ်ကပ်ထဲမှ လိုရမယ်ရ ထားခဲ့သည့် အရာတစ်ခုကို Sir ဆီသို့ ပေးလိုက်မိသည်...။

"...သူက... သူ့ကလေးလေးကို မြန်မာပြည်မှာပဲ ပြန်မွေးဖို့ ရည်စူးထားလို့ပါတဲ့...။"

"ကလေးလေး...
ကလေးလေး ဟုတ်လား?"

"ဟုတ်ပါတယ်... Mr Dရဲ့ မျိုးဆက် ရင်သွေးလေးပါ..."


ထိုအချိန်မှာတော့ Mr Dက သူ့ရဲ့ မျက်လုံးပေါ်ကို လက်တစ်ဖက်တင်ကာ စီးကျလာသည့် မျက်ရည်များစွာနှင့်အတူ...
ကျေနပ်ပီတိဖြစ်သည့် အပြုံးတစ်ချို့...

"ကလေးလေး...
ငါ့ရဲ့ ရင်သွေးလေးတဲ့လား?"

Sirက ဝမ်းနည်းဝမ်းသာ မျက်နှာဖြင့်ပင် သူ့လက်ထဲမှ utrasound ရိုက်ထားသည့် Result ပုံလေးကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောပြီးသည့်နောက် မျက်ရည်များစွာဖြင့်...

D's ®- My SENORITA (Ongoing)Where stories live. Discover now