အပိုင်း (၁၆)

4.3K 273 15
                                    

{Unicode}

...D's ®...

***

မကြာမီပင် နယူးယောက်မြို့ကြီးကို တရိပ်ရိပ်နဲ့ ရုပ်ရှင်မြင်ကွင်းလိုပင်.. ။ ဒါပေမယ့် နယူးယောက်မြို့ရဲ့ မြင်ကွင်းကို မုဒယ မမြင်တော့ဘူး...။

အဓိက က ခေါင်းဆောင်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရတာမို့...။ ဒီအတိုင်း လက်လျှော့ထားသည့် အရာတွေကနေ ရုတ်တရက် အလင်းရောင်တစ်ခုကို မြင်တွေလိုက်သလိုမျိုးပင်....။

အခုတော့... ခေါင်းဆောင်နှင့်အတူ ရှိနေပြီ။ လွန်ခဲ့သော သုံးနှစ်က အဖြစ်အပျက်မှန်သမျှက အရာအားလုံးက ပြိုပျက်သွားသလိုပင်...။

ခေါင်းဆောင်ကတော့ အခြားတစ်ယောက်လိုပင် ပြောင်းလဲသွားလေပြီ...။ မိမိကိုလည်း မှတ်မိဟန် မရှိ...။ ဟုတ်ပါသည်... ဒီရက်ပိုင်းက မုဒယအများကြီး ပြောင်းလဲသွားတာ မိုလို့လေ...။

မုဒယမှာ ခေါင်းဆောင်သဘောကျတဲ့ ငယ်ရွယ်မှုနဲ့ မျက်နှာလေး မရှိတော့...။ လောကဓံရဲ့ ရိုက်ခတ်မှုများအောက် ဘဝက ခပ်ကြမ်းကြမ်းပင် ရှိနေသည်...။ ပျိုမျစ်မှုတွေ လုံးဝမရှိတော့ပါ...။

ခေါင်းထဲ စီရီနေခဲ့သည့် ကျောင်းတတ်မည်ဆိုသော အနေအထားက ဘာမှန်းမသိတော့...။ မိမိအနာဂတ်ပျောက်ခဲ့တာ အတော်ကြာပြီ ဖြစ်သည်...။ အခုတော့ မိမိရဲ့ အနာဂတ် လမ်းစတစ်ခုလိုပင် ဆိုနိုင်မလား မသိတော့...။ ခေါင်းဆောင်ကို ပြန်တွေ့ရပြီ ဖြစ်သည်....။

ဘာပဲဖြစ်ဖြစ်
ခေါင်းဆောင် မသေ သေးဘူးဆိုတာနဲ့ပင် ကျေနပ်ပါသည်...။

ခေါင်းဆောင်ကတော့ အရင်ကထက် ပိုပြီးတော့တောင် Handsome ဖြစ်လာသည်...။ ချင်းတိုင်းရင်းသား ဖြစ်ပေမယ့် ဒီအရပ်မှာပဲ ကြီးပျင်းခဲ့သူပီပီ သူ့ရဲ့ ရုပ်ရည်အသွင်အပြင်က အကုန်လုံးကို အနောက်တိုင်းဘက် နွယ်နေပြီ ဖြစ်သည်....။

ဝတ်ထားသည် suitဖြင့်လည်း အတော်လေးကို လိုက်ဖက်နေသည်...။

ခေါင်းဆောင်ကတော့ သူ့ဖုန်းထဲက အရာတစ်ခုကိုသာ ကြည့်နေဟန် ရှိသည်...။ ထို့နောက် ဘာစကားမှ မပြောဘဲ ထိုဖုန်းကို သိမ်းကာ မိမိဘက်သို့ လှည့်ကြည့်လာသည့် အချိန်မှာတော့ သူ့ဘက်ကို ငေးနေသည့် ကျွန်တော်နှင့် ပက်ပင်းတိုးကာ ရှိလေသည်....။

D's ®- My SENORITA (Ongoing)Where stories live. Discover now