အပိုင်း (၂၀)

3.5K 218 12
                                    

{Unicode}

Sensitive Content

***

ယခင် အပိုင်းမှ အဆက်...

အင်း~~~

နာကျင်မှုနှင့်အတူ နိုးလာသည့် အချိန်မှာတော့ မျက်နှာကျက်က ကားခေါင်းမိုးကို မြင်မိလိုက်ချိန်မှာတော့... အရာအားလုံးက ခေါင်းထဲ ဝင်လာသည်က မြေအောက်ခန်းထဲမှာ... ကားထဲ... ခေါင်းဆောင်နှင့် နှစ်ယောက်အတူ....

ထိုအရာကို သတိထားမိပြီး မိမိခန္ဓာကိုယ်ပေါ်ကို ကြည့်မိတော့... ခေါင်းဆောင်ရဲ့ ကုတ်တစ်ထည်သာ..

အနည်းငယ် လက်နှစ်ဖက်ကို ထောက်ကာ ထ ဖို့ ကြိုးစားမိချိန်မှာတော့ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို... နာကျင်နေသည်...။ အဓိက ကတော့ ကျွန်တော့်ရဲ့ ပေါင်ကြားနှင့် အောက်ဘက်မှ အတော်လေးကို နာကျင်မှု....။

ထိုကြားက နာကျင်နေသည့် ထိုနေရာကို အနည်းငယ် ခန္ဓာကိုယ်ကို ကြိုးစားရင်း ထ ကြည့်ရင်းမှ ခေါင်းဆောင်ကုတ်အကျီ်အောက်မှ နာကျင်နေသည့် ထိုနေရာများကို ဆန်းစစ်မိသည်....။

ထိုအချိန်မှာတော့ နာကျင်မှုနှင့်အတူ အံ့သြမှုကြောင့် မိမိပါးစပ်ကို ပိတ်ကာ ရှိနေမိသည်...။

မိမိပေါင်ကြားနေရာမှာ ပွတ်တိုက်မိသည့် ဒဏ်ရာများက နီရဲကာ စပ်ဖျင်းနေသည်... ။ အောက်ဘက်မှ နာကျင်မှုနှင့်အတူ ရှိနေတော့ ထိုနေရာကို နံဘေးက ခွက်ထဲမှ tissueဖြင့် သုတ်ကာ ကြည့်မိတော့ ....

သွေးစနှင့်အတူ လုံးထွေးနေသည့် ပြီးဆုံးသည့် အရာများ...
ထိုအရာများကြောင့် တစ်ကိုယ်လုံး စေးကပ်နေသလိုပင်...

မိမိရှိနေသည့် ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ ကားနောက်ခန်းတစ်ခုလုံး အသုံးပြုပြီးသား တစ်ရှုးစများက အပြည့်ပြန့်ကျဲလိုက်ပင်...။

ကျွန်တော်လည်း ချက်ချင်း ခေါင်းဆောင်ကို သတိရတာမို့ ဘေးပတ်ဝန်းကျင်ကို လှည့်ရှာမိတော့ အခုရောက်နေသည်က တံတားတစ်ခုနှင့်အတူ မြစ်ကမ်းနားတစ်ခုကို ရောက်နေသည်...။

ဘယ်နှစ်နာရီ ရှိနေသည်လဲ မသိ... ဝန်းကျင်က တိတ်ဆိတ်နေသည်...။ မြစ်ရေပြင်ကျယ်ကို ဖြတ်ကာ ထိုးထားသည့် တံတားအပေါ်မှာတော့ ကားတစ်စီး နှစ်စီးမျှပင်...။

D's ®- My SENORITA (Ongoing)Where stories live. Discover now