part 1

6.1K 69 0
                                    

'ဗျာ.......ဘာပြောလိုက်တယ်!'

'ဟုတ်တယ်သား အမေတို့သားအတွက်အဆင်ပြေမဲ့သူရှာပေးထားတယ်'

'ဟာဗျာ.......အသက်ကဘယ်လောက်ရှိသေးလို့ mommy တို့ကမိန်းမပေးစားနေရတာလဲ'

'တိတ်စမ်း ဘာမှမကြားချင်ဘူး အသက်ကငယ်ငယ်နဲ့ထင်ရာစိုင်းနေလို့ ပေးစားတာပေါ့ဟဲ့'

'ဟာ.....ဘာလုပ်နေလို့လဲ daddy တို့လုပ်ငန်းတွေလဲဦးစီးပေးနေတာပဲ ဘာထပ်လိုနေလို့လဲ'

'လိုတယ်လိုတယ် မင်း မိန်းမတွေရှုပ်နေတာကိုက လိုအပ်ချက်ပဲ'

'ဟ ဒါကတော့လူငယ်ပဲလေ mommy'

'လူငယ်ဘာညာမလိုချင်ဘူး  မင်းလုပ်ချင်တာလုပ်လို့ရတယ် ဒါမဲ့ မိန်းမတွေထည်လဲတွဲနေတာကိုတော့လက်မခံနိုင်ဘူး  ဘယ်နှယ့် Royal company က သားက မိန်းမရှုပ်တယ်ဆိုတဲ့သတင်းတွေငါမကြားချင်ဘူး ဂျွန်ဂျောင်ကု'

'ဒါမဲ့......'

'ကဲ မင်းတို့သားမိတွေပါးစပ်လေးပိတ်ထားစမ်းပါ'

'ဒီမှာသား daddy တို့တစ်ဖက်ကိုအကုန်ပြောပြီးပြီ မင်းဘာမှငြင်းဖို့မစဥ်းစားနဲ့'

'ဟ ဇွတ်ကြီးပါလား'

'တိတ်စမ်း အခုလက်ရှိမင်းရှုပ်နေတဲ့ဟာမတွေအကုန်ဇာတ်လမ်းဖြတ်ထား'

'သားဂျောင်ကု တစ်ဖက်မိန်းကလေးကရိုးရိုးလေးမို့ daddy တို့သဘောကျတယ်နော် သား daddy တို့ရေးတဲ့လမ်းကို ခြေနဲ့ဖျက်မယ်မကြံနဲ့'

'မတွေ့ချင်ဘူး ဘာကိစ္စတွေ့ရမှာတုန်း သူ့ကိုလာခိုင်းလိုက်လေ'

'ဂျွန်ဂျောင်ကု မင်း.....'

'ကဲပါ မိန်းမရယ် ကလေးမကိုဒီကိုအလည်ခေါ်လိုက်ပါ သူလဲပျော်မှာပါ'

ထိုစကားကိုကြားတော့ ဂျွန်ဂျောင်ကုတို့မျက်ခုံးတွေအပေါ်ကိုပင့်သက်သွားရသည်

လာစမ်းပါ ဘယ်လောက်များလှပြီးတော်နေလို့ daddy တို့ကအရမ်းသဘောကျနေရတာလဲ ဆိုတာကြည့်အုံးမယ်

တစ်ဖက်တွင်လဲ သားဖြစ်သူကအရည်အချင်းပြည့်စုံပါရက်နဲ့ မိန်းမရှုပ်တာကြောင့် တည်ငြိမ်စေချင်တာ မိဘတွေ ဆန္ဒ
ကြာရင်ဒီအချက်ကပဲသူတို့သားအပေါ် သက်ရောက်မှုတွေရှိလာမှာကြိုသိထားတာကြောင့်ဖြစ်သည်

 A Heart's Enchantment.  Where stories live. Discover now