Part 8

1.7K 27 0
                                    

မိုးလင်းတော့ သူမခါးအောက်ပိုင်းကနာကျင်မှုကြောင့် ကိုယ်ကိုဖက်တွယ်ထားသော မောင့်အား အသာအယာဖယ်ကာ ရေချိုးရန်ကုန်းထလိုက်သည်

'အ့......!'

သူ့အော်သံကြားသည်နှင့်မောင့်မျက်လုံးတွေချက်ချင်းပွင့်လာကာ သူ့အားကြည့်သည်

'ကျစ်! ဂျွန်ဂျီယွန်းတို့က အိပ်မနေဘူး'

'ဟင့် ရေချိုးချင်လို့'

'နေအုံး မောင်ချိုးပေးမယ်'

'ဟင် မဟုတ် ရပါတယ်'

'မင်းကတစ်နေ့ကိုဆယ်ခါလောက်လုပ်လဲ ငါ့ကိုရှက်တုန်းလား?'

'ဟင် မောင်ကြမ်းကြမ်းတမ်းတမ်းကြီး'

'ရှက်စရာမလိုဘူး ငါမင်းယောကျ်ား'

အလှလေးကိုရေချိုးပေးတော့လဲ သူ့ခင်မျာ ဥပုသ်စောင့်ရသည်

ဒါလေးကို တစ်နေကုန်ထိုင်လုပ်လိုက်ရင်လဲ သေအုံးမယ်ကွာ......

'မောင့်အဝတ်ယူဝတ်ထား'

'ဟုတ်'

သူမ အဝတ်လဲနေသည်ကို အကြည့်မလွှဲပဲစိုက်စိုက်ကြည့်နေတာမို့ အနေခက်ကာ

'မောင် မကြည့်နဲ့လေ'

'ကိုယ့်မိန်းမ ကိုယ်ကြည့်တာပဲ'

'ရှက်လို့'

'ပြောပြီးပြီလေ ရှက်လဲ ကြည့်မှာပဲ လုပ် အဝတ်လဲ!'

မတတ်သာတဲ့အဆုံး မောင့်ရှေ့မှာပင် လဲလိုက်ရတဲ့အလှလေးရယ်ပါ......

'အလှလေး'

'ဟင်'

'ဒီနေ့ မောင်နဲ့ရုံးလိုက်ခဲ့မလား'

ဘယ်လို! မောင်က သူ့ရုံးကိုလိုက်မလားတဲ့လေ
လိုက်လဲလိုက်ချင်ပေမဲ့ မောင်အလုပ်လုပ်နေရင်သူမပျင်းနေကာမောင့်ကိုအနှောင့်အယှက်ပေးမိမှာစိုးသည်

'ဟို...... '

'မလိုက်လဲနေ'

'ဟင် နေပါအုံး လိုက်ရင် ဘာနဲ့လိုက်ရမှာလဲ'

ဟုတ်သည်လေ လူကို အဝတ်တွေလဲမဝယ်ပေးပဲ မေမေတို့လာတုန်းက တစ်ထည်သာဝယ်ပေးထားတာကိုး....

 A Heart's Enchantment.  Where stories live. Discover now